တရုတ်ယွမ်ငွေဟာ တရုတ်နဲ့ ကုန်သွယ်ရေးအတွက်တော့ အဆင်ပြေကြောင်း ၊ ငွေပေးငွေယူကိစ္စ အရင်ကထက်ပိုအဆင်ပြေပြီး စီးပွားရေးပိုကျယ်ပြန့်လာနိုင်တယ်လို့ မူဆယ် နယ်စပ် စီးပွားရေးကုန်သည်တစ်ဦးကပြောပါတယ်။

ဗဟိုဘဏ်က ဂျပန်ငွေ ယန်းနဲ့ တရုတ်ငွေ ယွမ်ကို တရားဝင် ဝယ်ယူရောင်းချခွင့်ပြုလိုက်ပေမယ့် ဈေးကွက်မှာတော့ အရောင်းအဝယ်မရှိသေးဘူးလို့ ငွေလဲကောင်းတာတွေဆီကသိရပါတယ်။



မနေ့ (အောက်တိုဘာလ ၁၂ ရက်) ကစပြီး တရုတ်ယွမ်နဲ့ဂျပန်ယန်းကို တရားဝင်ရောင်းချခွင်ပြုလိုက်တာဖြစ်ပါတယ်။ ဒါကြောင့် ငွေလဲကောင်တာတွေကလည်း တရုတ်ငွေ ယွမ်နဲ့ ဂျပန်ငွေ ယန်းကိုစတင်ရောင်းချခဲ့ပေမယ့် ရောင်းသူ ဝယ်သူ မရှိဘူးလို့ သိရပါတယ်။

" တရုတ်ရော ဂျပန်ရော အရောင်းလည်းမရှိဘူး။ အဝယ်လည်းမရှိဘူး ။ ဝယ်ရောင်းလုပ်လို့ရတယ်ဆိုတာတော့ ကြေညာထားတယ်" လို့ ရန်ကုန်မြို့က ငွေလဲကောင်တာ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်းလိုင်စင်ရဘဏ်တွေအပြင် ဘဏ်မဟုတ်တဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေပါ  ယွမ် နဲ့ ယန်း နိုင်ငံခြားငွေ နှစ်မျိုးကို ဝယ်ယူရောင်းချခွင့်ရှိကြောင်း အသိပေးထားပါတယ်။

" အရင်က ယူရို ၊ စင်္ကာပူ ဒေါ်လာ ၊ ထိုင်း ဘတ်ငွေ၊ မလေးရှား ရင်းဂစ် ကိုပဲ ရောင်းချခွင့်ပြုတာပေါ့။ ခုကတော့ တရုတ်နဲ့ဂျပန်ထပ်တိုးပေးတာ။ ဝယ်ရောင်းလုပ်နိုင်ကြောင်း နဲ့ ဈေးကိုပါ ကြေညာ ပေးထားတယ်။ ဒါပေမယ့် ဒီနေ့တော့ ဝယ်တာလည်းမရှိဘူး၊ ရောင်းတာလည်းမရှိဘူး " လို့ money changer တခုကပြောပါတယ်။

ဓာတ်ပုံ - commerce.gov

ဒါပေမယ့် တရုတ်ယွမ်ငွေဟာ တရုတ်နဲ့ ကုန်သွယ်ရေးအတွက်တော့ အဆင်ပြေကြောင်း ၊ ငွေပေးငွေယူကိစ္စ အရင်ကထက်ပိုအဆင်ပြေပြီး စီးပွားရေးပိုကျယ်ပြန့်လာနိုင်တယ်လို့ မူဆယ် နယ်စပ် စီးပွားရေးကုန်သည်တစ်ဦးကပြောပါတယ်။

" တရုတ်ကိုကုန်ပို့ရင်နယ်စပ်ကပဲပို့ပိုသင်္ဘောကပဲပို့ပို့ပေါ့။ တရုတ်က တရုတ်ငွေပဲပေးတယ်။

ဆန်ကွဲတတန်ဘယ်လောက်လဲဆိုတာကအစ တရုတ်ငွေပဲပြောတယ်။တရုတ်ငွေကနေ ဒေါ်လာပြောင်း၊ဒေါ်လာကနေ စင်္ကာပူဘက်ကနေ ပတ်သွင်းရ၊ဟောင်အောင်ကနေပတ်သွင်းရတယ်။ ခု တရားဝင်လဲလို့ရပြီဆိုတော့ တရုတ်နဲ့လုပ်နေတဲ့လုပ်ငန်းတွေအကုန်အဆင်ပြေတယ်။ငွေကြေးပိုင်းဆိုင်ရာမှာလည်းပိုကျယ်ပြန့်လာမယ် " လို့ သူကဆိုပါတယ်။

တရုတ် ငွေယွမ်နဲ့ ဂျပန်းငွေယန်းကို တရားဝင်ရောင်းချခွင့်ပြုတဲ့အပေါ် ဗဟိုဘဏ်ဘက်ကိုဆက်သွယ်ခဲ့ပေမယ့် ဖြေဆိုဖို့ငြင်းဆန်ခဲ့ပါတယ်။

ဒီနေ့ ငွေလဲကောင်တာတချို့မှာ တရုတ်ငွေပေါက်ဈေးက အဝယ် ၂၇၀ ကျပ် နဲ့ အရောင်းက ၃၀၀ ဈေးပေါက်ပြီး ၊ ဂျပန်ငွေ ယန်းက အဝယ် ၁၅ ကျပ် နဲ့ အရောင်းက ၁၇ ကျပ်ဈေးပေါက်တယ်လို့ သိရပါတယ် ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က