အမှတ်ပေးဇယားထိပ်ဆုံးမှာ စိတ်အေးလက်အေးနေခွင့်ရခဲ့ပါတယ်။

ယီမင်နက်ဇ်ရဲ့ ၄၇ စက္ကန့်အတွင်း အဝါကတ်နှစ်ကြိမ်ပြသခံရပြီး အနီကတ်နဲ့ထုတ်ပယ်ခံရမှုက ပွဲကိုအလှည့်အပြောင်းဖြစ်စေခဲ့တာပါ။ ဒီပွဲမှာတော့ မန်စီးတီးက ခြေစွမ်းအရသာလွန်ခဲ့ပေမယ့် ၀ုလ်ဗ်ရဲ့ စနစ်ကျတဲ့ကစားဟန်၊ တောင့်တင်းတဲ့စုဖွဲ့မှုနဲ့ အသင်းလိုက်ဟန်ချက်ညီမှုတွေက တော်တော်လေးအခက်တွေ့စေခဲ့ပြီး ပထမပိုင်းတပိုင်းလုံး မန်စီးတီးတို့ ဂိုးပေါက်ပျောက်ခဲ့ရပါတယ်။ 

ဂွာဒီယိုလာက ဒီဘရိုင်းကို ချန်လှပ်ထားဆဲဖြစ်ပြီး ခြေစွမ်းပြနေတဲ့ ဘာနာဒိုဆေးလ်ဗားကိုပဲ တည်ကစားဖို့ လုပ်ခဲ့တာပါ။ ၀ုလ်ဗ်ကလည်း သူတို့ရဲ့အကောင်းဆုံးကစားသမားတွေကို အသုံးပြုခဲ့ပြီး မန်စီးတီးကွင်းမှာ သရေတစ်မှတ်ရဖို့ကို ဦးစားပေးခဲ့လို့လည်း မန်စီးတီးတို့ ဂိုးရဖို့တော်တော်လေးအားထုတ်ခဲ့ရပြီး ကန်သွင်းခွင့်တွေရရှိခဲ့မှုကလည်း အချည်းနှီးသာဖြစ်ခဲ့ရပါတယ်။ 


တယောက်လျော့သွားချိန်မှာ ၀ုလ်ဗ်က ခံစစ်ကို ပိုအားစိုက်သွားခဲ့လို့ မန်စီးတီးက တဖက်သတ်ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပွဲကအကြိတ်အနယ်မဖြစ်တော့ဘဲ တသင်းတည်းကစားတာကိုသာ ထိုင်ကြည့်ရသလိုဖြစ်နေခဲ့ပါတယ်။ တန်ပြန်တိုက်စစ်တွေရချိန်မှာ ၀ုလ်ဗ်က ထရာအိုယေးဆီဘောလုံးအရောက်ပေးပြီး သူ့ရဲ့ရုန်းအားနဲ့ လုံးပမ်းခဲ့ပေမယ့် မန်စီးတီးခံစစ်ကိုမကျော်နိုင်ခဲ့ပါဘူး။ 

ဒါပေမယ့်လည်း ဆက်တိုက်ဖိအားပေးနေတဲ့ မန်စီးတီးတို့ မော်တင်ဟိုရဲ့ လက်ထိဘောကြောင့် ၆၆ မိနစ်မှာ ပင်နယ်တီရခဲ့ပြီး စတာလင်က အပိုင်ကန်သွင်းယူပြီး ဦးဆောင်ဂိုးရသွားခဲ့ပါတယ်။ ဒီနောက်မှာ မန်စီးတီးဆက်တိုက်ဖိကစားလာပြီး အပိုင်အခွင့်အရေးတွေရခဲ့ပေမယ့် ဘာနာဒိုဆေးလ်ဗားနဲ့ ဂျီးဆပ်တို့ လွဲချော်ခဲ့ကြပါတယ်။ ၀ုလ်ကတော့ တိုက်စစ်ကို ပြန်မဆင်နိုင်တော့ဘဲ နောက်ထပ်ဂိုးမပေးရဖို့သာ ကာကွယ်ခဲ့ရပါတယ်။

စတာလင်အတွက်တော့ ဒီဂိုးက ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၀၀ ပြည့်မြောက်စေမယ့် ဂိုးဖြစ်ခဲ့ပါတယ်။ နိုင်ပွဲကြောင့် မန်စီးတီးတို့ အမှတ်ပေးဇယားမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး လီဗာပူးလ်မကန်ခင်မှာ ၄ မှတ်ဖြတ်တောက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က