တိုင်ကြားမှုပေါင်း ၃၅၉ မှုရှိခဲ့ပါတယ်။

တိုင်ကြားခံရမှုများနေတဲ့ တယ်လီနော BroadBand အင်တာနက်ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ညှိနှိုင်းချက်တွေကို စားသုံးသူရေးရာဦးစီးဌာနက ဇန်နဝါရီ ၂၂ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Photo- Telenor Myanmar

အဆိုပါ ထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁ရက် မတိုင်မီ အကန့်အသတ်မဲ့ဝန်ဆောင်မှုရယူထားသူတွေနဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁ရက်ကစပြီး 10GB per day ဝန်ဆောင်မှု ရယူထားသူတွေတွေအနေနဲ့ မူလဝယ်ယူထားတဲ့ ဝန်ဆောင်မှုအတိုင်း သက်တမ်းအတွင်း ဆက်လက်သုံးစွဲနိုင်တယ်ဆိုပြီး ကြေညာထားပါတယ်။

သက်တမ်းဆက်တိုးမည်ဆိုပါက မျှတသုံးစွဲတဲ့မူဝါဒ (111 GB Per Months ) ဖြင့်သာ ဆက်လက်သုံးစွဲနိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် မျှတသုံးစွဲတဲ့မူဝါဒကို ဆက်လက် အသုံးမပြုလိုတဲ့သူတွေအနေနဲ့ ၂၀၁၉ ခုနှစ် ဧပြီလ ၁၅ ရက် မတိုင်ခင်အထိ ချို့ယွင်းမှုမရှိတဲ့ စက်တွေကို ပြန်အပ်ပြီး တယ်လီနောမြန်မာမှ ကျပ်တစ်သောင်းခွဲ ပြန်လည်ထုတ်ပေးရမယ်လို့ ထုတ်ပြန်ထားပါတယ်။

“ အစားထိုးဆောင်ရွက်ပေးဖို့၊ မူလဝန်ဆောင်မှုကို ပြန်လည်ပေးဖို့၊ ငွေပြန်အမ်းဖို့နဲ့ အရေးယူပေးဖို့ဆိုတဲ့ အဓိက အချက် ၄ ချက်နဲ့ တိုင်ကြားလာကြပါတယ်။ ကျွန်တော်တို့ဌာနအနေနဲ့ တယ်လီနောမြန်မာမှ တာဝန်ရှိသူတွေရယ်၊ မူဝါဒပိုင်းကိုင်တဲ့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့နဲ့ မနေ့က (ဇန်နဝါရီ ၂၁ ရက်) မနက်ပိုင်းမှာ တွေ့ဆုံရှင်းလင်း ဆွေးနွေးခဲ့ကြပြီး သဘောတူညီချက်တွေကို ထုတ်ပြန်ပေးခဲ့တာပါ” လို့ စားသုံးသူကာကွယ်ပေးရေး ဗဟိုကော်မတီရုံးမှ ညွန်ကြားရေးမှူး ဦးစိုးအောင်က Duwun ကိုပြောပါတယ်။

တယ်လီနော BroadBand အင်တာနက်ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ဇန်နဝါရီလ ၂၁ ရက် မနက်ပိုင်းအထိ တိုင်ကြားမှုပေါင် ၃၅၉ မှုအထိ ရှိလာခဲ့တယ်လို့ စားသုံးသူရေးရာဦးစီးဌာနကနေ သိရပါတယ်။

Share

Loading Next Article...
က္က