ဂျပန်မှာ SoftBank နဲ့KDDI တို့လည်း ပါဝင်နေပါတယ်

ဇွန်လဆန်းပိုင်းမှာ ယူကေဈေးကွက်ထဲ ရောင်းချသွားမယ်ဆိုတဲ့ Huawei Mate 20 X (5G) ဖုန်းတွေကို Vodafone နဲ့EE တယ်လီကွန်းတွေမှာ မတင်သေးဘဲ ရပ်ထားတယ်လို့ဆိုပါတယ်။

         Vodafone နဲ့EE တို့ဟာ သူတို့ရဲ့ 5G ကွန်ရက်မှာ အလုပ်လုပ်နိုင်မယ့် Huawei Mate 20 X 5G ဖုန်းတွေကို အစောပိုင်းက ရောင်းချခွင့်ပြုဖို့စဉ်းစားခဲ့တာပါ။ Financial Times သတင်းမှာတော့ Vodafone ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်မှ Huawei 5G စမတ်ဖုန်းတွေဟာ ထောက်ခံချက်တွေ မရသေးတာကြောင့် Huawei Mate 20 X 5G ကို ဖြန့်ချိမယ့်ကိစ္စ ဆိုင်းငံ့ထားတယ်လို့ဆိုပါတယ်။



Photo : The Independent

         ဥရောပရဲ့ အကြီးဆုံး တယ်လီကွန်းကုမ္ပဏီတွေထဲမှာ ပါတဲ့ BT Group ပိုင် EE ဟာလည်း ဖောက်သည်တွေ ဖုန်းရေရှည်အသုံးပြုနိုင်မယ်ဆိုတဲ့ အချက် သေချာတဲ့အထိ Huawei Mate 20 X 5G ဖုန်းကို ဖြန့်ချိသွားမှာ မဟုတ်ဘူးလို့ဆိုပါတယ်။

         " ကျွန်တော်တို့ဖောက်သည်တွေအတွက် ကာလရှည်ကြာ အသုံးပြုနိုင်တယ်ဆိုတာ ယုံကြည်ရတဲ့ အထိ ဒီထုတ်ကုန်တွေ တင်သွင်းမှု ရပ်ထားပါမယ်။

 " လို့BT Group ရဲ့ စားသုံးသူအမှတ်တံဆိပ်ရေးရာ CEO မာ့စ်အလာရာက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

         အမေရိကန်အစိုးရရဲ့ အမိန့်ညွှန်ကြားမှုကြောင့် Huawei ဟာ Google Android လိုင်စင်ကို ဆုံးရှုံးမယ့်အချိန်မှာ ဥရောပမိုဘိုင်း Carriers များဘက်မှ ဒီလိုကြေညာချက်တွေ ထွက်လာတာပါ။ Huawei အနေနဲ့အမေရိကန်ဈေးကွက်မှာ စမတ်ဖုန်းတင်သွင်းခွင့် မရှိပေမယ့် ဥရောပမှာတော့ Huawei ဖုန်းဈေးကွက် အားကောင်းနေပါတယ်။

Photo: dailymail

         download speed အနေနဲ့6.5Gbps အထိ ဆွဲနိုင်မယ့် Huawei ထုတ် Balong 5000 5G modem သုံးထားတဲ့ Huawei Mate 20 X (5G) ကို ယူကေဈေးကွက်မှာ ပေါင် စတာလင် ၉၉၉ ( မြန်မာငွေ ၁၉ သိန်းခွဲကျော်) ဈေးနဲ့ရောင်းချသွားမှာ ဖြစ်ပြီး မေလကုန်ပိုင်း ယူကေဈေးကွက်မှာ EE ၊ O2 ၊ Three ၊ Vodafone ၊ Sky Mobile ၊ Mobile Phones Direct နဲ့တစ်ခြား လက်လီဆိုင်တွေမှာ pre-order မှာနိုင်မယ်လို့ကြေညာထားပါတယ်။

         စပိန်မှ Telefonica နဲ့ဂျာမန်မှ Deutsche Telekom အပါအဝင် ဥရောပအကြီးဆုံး မိုဘိုင်း carriers များလည်း Huawei ဖုန်းများ ဆက်လက်ရောင်းချ/မချ ကိစ္စကို ဆွေးနွေးသွားဖို့ရှိပါတယ်။ ယခုသီတင်းပတ်အစောပိုင်းမှာလည်း ဂျပန်မိုဘိုင်း carrier နှစ်ခု ဖြစ်တဲ့ SoftBank ရဲံ Y! Mobile Service နဲ့KDDI တို့ဟာလည်း ယင်းတို့ကွန်ရက်ပေါ်မှာ Huawei ဖုန်းသစ်များ ဖြန့်ချိမှု ရပ်ဆိုင်းထားမယ်လို့ကြေညာထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က