ဒီနှစ်ထဲ သုံးစွဲသူ ၁၀ သန်း အထိ ရှိလာဖို့မှန်းထားပါတယ်။

၅ နှစ်အတွင်း ပြည်တွင်းတယ်လီကွန်းဈေးကွက်မှာ ပထမနေရာရောက်လာဖို့MyTel အနေနဲ့ရည်မှန်းထားပြီး လောလောဆယ် ဈေးကွက်ရှယ်ယာရဲ့ ၁၀% ပိုင်ဆိုင်ထားပြီလို့ ဆိုပါတယ်။

Photo: MyTel page

         ဈေးကွက်ထဲ ဝင်ရောက်ပြီး ၆ လအကြာမှာ MyTel ဟာ တယ်လီကွန်းဈေးကွက်ရဲ့ ၁၀% ကို ပိုင်ဆိုင်လာတာလို့ထုတ်ပြန်ထားပါတယ်။ MyTel ဟာ ပြီးခဲ့တဲ့ ၂၀၁၈ မတ်လထဲမှာ SIM card များ စတင်ရောင်းချခဲ့ပြီး ဇွန်လဆန်းပိုင်းမှာ ဝန်ဆောင်မှုများ တရားဝင် မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

         လက်ရှိမှာ MyTel ဝန်ဆောင်မှုများကို အမြဲတမ်း သုံးစွဲသူ ၅ သန်းခန့်ရှိနေပြီး အများစုမှာ 4G ဝန်ဆောင်မှုသုံးနေကြတာပါ။ MyTel ဟာ 2G နဲ့4G ဝန်ဆောင်မှုများအပြင် Fixed broadband ကွန်ရက်များ တည်ဆောက်ရင်းနှီးမြှပ်နှံသွားမယ်လို့ဆိုပါတယ်။

         MyTel ကို Myanmar Telecom Holding Public Limited က၂၃ ရာခိုင်နှုန်း၊ Star High Co.,Ltd မှ ၂၈ ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီး ကျန် ရှယ်ယာ ၄၉%ကို Viettel Company က ပိုင်ဆိုင်ထားတာပါ။ ဈေးကွက်ရည်မှန်းချက်အနေနဲ့သုံးနှစ်အတွင်း ဒုတိယအကြီးဆုံး တယ်လီကွန်းအော်ပရေတာ ဖြစ်ဖို့ရည်မှန်းထားပြီး ၁၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံ ရင်းနှီးမြှပ်နှံသွားမယ်လို့ဆိုပါတယ်။

         ယခုနှစ်အတွင်း သုံးစွဲသူ ၁၀ သန်း အထိ ရှိလာဖို့လည်း ပစ်မှတ်ထားနေတဲ့ MyTel ဟာ 4G အင်တာနက်ဒေတာဝန်ဆောင်မှုများကို ပြိုင်ဘက်များထက် ဈေးချပြီး ဆွဲဆောင်ခဲ့တာကြေင့် MyTel သုံးစွဲသူများရဲ့ လစဉ်ဒေတာ အသုံးပြုမှုနှုန်းဟာ ၃၀% အထိ တိုးတက်လာခဲ့တယ်လို့ကြေငြာထားပါတယ်။

Share

Loading Next Article...
က္က