''မှားပြန်တယ်'' သီချင်းလေးဖြစ်ပါတယ်။

ဝိုင်းစုခိုင်သိန်းက ‘’မှားပြန်တယ်’’သီချင်းကို ခံစားချက်အပြည့်နဲ့ သီဆိုခဲ့ပါတယ်။ သူမဟာ တင်ဇာမော်ရဲ့ သီချင်းတွေနဲ့ အနုပညာလမ်းကြောင်းအပေါ် ဝင်ရောက်ခဲ့တာဖြစ်ပါတယ်တဲ့။ 

Photo: Tin Zar Maw

ဝိုင်းစုခိုင်သိန်း ဟာ တင်ဇာမော်ရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ခဲ့ဖူးတယ်လို့ ဝန်ခံပြောပြခဲ့ပါတယ်။ အခုလည်း တင်ဇာမော်ရဲ့ ‘’မှားပြန်တယ်’’ သီချင်းလေးကို ခံစားချက်အပြည့်နဲ့ သီဆိုနေတာဖြစ်ပြီး ချစ်သူဖြစ်တဲ့ အောင်လက ပီယာနို တီးပေးခဲ့ပါသေးတယ်။

‘’ ဝိုင်းစုက မတင်ဇာမော်ရဲ့ ပရိသတ်ပါ။ ဝိုင်းစု မှားရင်လည်း မှားမယ်၊ မှန်ရင်လည်း မှန်မယ်။ ဝိုင်းစုကို ခွင့်လွှတ်ပြီးတော့ နားထောင်ပေးပါ။ ငယ်ငယ်တုန်းက Fandom မှာ ဒီသီချင်းတွေပဲ ဆိုပြီးတော့ ရှင်သန်လာခဲ့တာပါ။ အဲဒါနဲ့ ဝိုင်းစု ဒီအနုပညာလောကထဲ ဝင်ခဲ့တာပါ’’ ဆိုပြီးတော့ ဇွန်လ ၁၇ ရက်နေ့ည ၉ နာရီခွဲ့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဗီဒီယိုဖိုင်လေးတင်ရင်း ပြောပြခဲ့ပါတယ်။


Photo: Wine Su

ဝိုင်းစုခိုင်သိန်း ဟာ လက်ရှိမှာလည်း အောင်မြင်တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် သူငယ်ငယ်လေးကတည်းက အားပေးခဲ့ရတဲ့ သီချင်းတွေရဲ့ ပိုင်ရှင် တင်ဇာမော်ကိုတော့ အချစ်လျှော့သွားတာမျိုး မရှိပါဘူးတဲ့။

‘’ငယ်ငယ်ကတည်းက ကြိုက်ခဲ့ရတဲ့ ကိုယ့်ရဲ့idolပါ။ အခုအချိန်ထိလည်းအရမ်းကြိုက်၊ အရမ်းအာပေးလျှက်ပါ။ အမှားပါသွားရင်လွင့်လွှတ်ပါနော်။ အခုထိ ကြိုက်တုန်းမို့ အမရေ respect ပါ။’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားထားတာ တွေ့ရပါတယ်။


Photo: Wine Su

ဝိုင်းစုဟာ မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား၊ ဂါ၊ မယ်သီတာနဲ့ ပြတ်စာ စတဲ့ တစ်ကိုယ်တော်အခွေများစွာကို ထွက်ရှိထားပြီးဖြစ်ပါတယ်။ သူ့အနေနဲ့ ဂီတအပိုင်းမှာ အောင်မြင်လာပြီးတဲ့နောက် သရုပ်ဆောင်အလုပ်ကိုလည်း သိပ်မလုပ်ဖြစ်တော့ပါဘူး။ သူ့ရဲ့ ပရိသတ်တွေလည်း ကြိုက်မယ်၊ သူလည်းကြိုက်မယ့် ဇာတ်ကားကောင်းလေးတွေ တွေ့ရင်တော့ ရိုက်ဖြစ်ရင် ရိုက်မယ်ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။


Share

Loading Next Article...
က္က