အလှူအတန်းဆို ရက်ရောသူလေးပါ။

ဘယ်နေရာရောက်ရောက် အလှူအတန်းရက်ရောသူလေး ပိုပိုက ဒီနေ့(သြဂုတ်၃၀ရက်)မှာလည်း အလှူတစ်ခု ပြုလုပ်ခဲ့ပါသေး တယ်။ အလှူငွေလည်း လှူဒါန်းခဲ့သလို သူမဝတ်ထားတဲ့ စိန်နားကပ်လေးကိုလည်း ဘုရားဌာပနာအဖြစ် လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။

Photo : ပိုပို FB

 

ဘယ်နေရာရောက်ရောက် အလှူအတန်းရက်ရောသူလေး ပိုပိုက ဒီနေ့(သြဂုတ်၃၀ရက်)မှာလည်း အလှူတစ်ခု ပြုလုပ်ခဲ့ပါသေးတယ်။ အောင်မြင်ဗာဟု ဘုရား သွားဖူးရင်း တိုက်တိုက်ဆိုင်ဆိုင် ဘုရားကြီးရဲ့ အမိုးဆောက်လုပ်လှူဒါန်း၊ ပန္နက် ရိုက်လှူဒါန်းပွဲမှာ လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သူမအနေနဲ့ ယင်းအလှူမှာ  အလှူငွေ (၂)သိန်း ထည့်ဝင်လှူဒါန်းခဲ့သလို ရှေးဟောင်းသစ်ကနက် ဗုဒ္ဓ ရုပ်ပွားတော်သတင်းသုံးမည့် အဆောက်အဦးမှာ သူမရဲ့ စိန်နားကပ်လေးကို ဌာပနာအဖြစ် ထည့်ဝင်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

Photo : ပိုပို FB

 

"အောင်မြင်ဗာဟု ဘုရားသွားဖူးရင်း တိုက်တိုက်ဆိုင်ဆိုင် ဘုရားကြီးရဲ့ အမိုးဆောက်လုပ် လှူဒါန်း ပန္နက် ရိုက်လှူဒါန်းပွဲ မှာ မာမီ က သိန်း ၅၀ မတည်လှူဒါန်း သလို ပိုပိုကလဲ အမှတ်မထင် ရောက်သွားရင်း ၂သိန်း တိတိလှူဒါန်းသလို ပိုပိုလဲ ရှေးဟောင်း သစ်ကနက် ဗုဒ္ဓ ရုပ်ပွားတော် သတင်းသုံးမည့်အဆောက်အဦးမှာဌာပနာ ထည့်ရန် ပါလာတဲ့ စိန်နားကပ်လေး ကိုလဲ လှူဒါန်း ဖြစ်ခဲ့ပါတယ်။ ကြည်သာအေးမြ ဆရာတော် ဘုရားကိုလဲ အဆောက်အအုံ ဆောက်လုပ်ရန် ၁သိန်း နဲ့ ဝတ္ထုငွေ ၁သိန်း လှူဒါန်း ခဲ့ပါတယ်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ(၃၀) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : ပိုပို FB

 

ပိုပိုအနေနဲ့ သူမပြုလုပ်တဲ့ အလှူဒါနများကိုလည်း ပရိသတ်များနဲ့ (၇) ရက်သားသမီးများ သာဓုခေါ်နိုင်ဖို့အတွက် အမျှပေးဝေထား ပါသေးတယ်။ ပိုပိုဟာ ဘာသာရေးကို ကိုင်းရှိုင်းသူ တစ်ဦးဖြပြီး အလှူအတန်းတွေနဲ့ ပတ်သက်လာရင်လည်း လက်မနှေးတဲ့ အနုပညာရှင် ဖြစ်ပါတယ်။နေ့စဉ် သံဃာတော်များအတွက် ဆွမ်းဆပ်ကပ်လှူဒါန်း သလို မကြာခဏဆိုသလိုလည်း အလှူအတန်းတွေပြု လုပ်တက်သူတစ်ဦး လည်း ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က ထွက်ရှိထားတဲ့ အဆိုတော် ပိုပိုရဲက  Master Piece စီးရီးခွေကို မကြာခင်မှာ MTV အဖြစ် တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။ အမိုက်စား ရိုက်ကူးမှုတွေ ပါဝင်ထားတဲ့ ပိုပိုရဲ့ Master Piece MTV & DVD အခွေကို စက်တင်ဘာ(၉)ရက်နေ့မှာ The Sun ကနေ တဆင့် မြန်မာပြည်အနှံ့ ဖြန့်ချီသွားမှာ  ဖြစ်တယ်လို့ ပိုပိုကဆိုပါတယ်။

Photo : ပိုပို FB

အမိုက်စား ရိုက်ချက်တွေနဲ့ MTV ထွက်ရှိလာတော့မယ့် ပိုပိုရဲ့ Master piece 

"Po Po ရဲ့ Master piece MTV & DVD အခွေ အမိုက်စား ရိုက်ချက်တွေ နဲ့ သီချင်းအလန်းစားတွေကို 9.9.2018 မှာ The Sun မှတဆင့် မြန်မာပြည်အနှံ ဖြန်ချီတော့မှာပါ။ အားပေးဖို့ ready ဘဲလား ချစ်လေးတို့" ဆိုပြီး သြဂုတ်လ(၂၂) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ရေးသားထားတာတွေ့ရပါတယ်။

ပိုပိုဟာ  ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်ဆိုတတ်တဲ့အဆိုရှင် တစ်ဦးဖြစ်ပြီး သူမရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ် တွေကြား ရေပန်းစားခဲ့သလို "မင်းကိုမချစ်လို့မဟုတ်ဘူး" ဆိုတဲ့သီချင်းဟာ ပရိသတ်တွေအခုချိန်ထိ ကြိုက်နှစ်သက် အားပေးခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။

Photo : ပိုပို FB

 

အဲ့ဒီသီချင်းဟာလည်း သူမရဲ့ စိတ်ခံစားချက်အပြည့်နဲ့ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။ အဆိုတော်ပိုပိုကတော့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece  တစ်ကိုယ်တော် Audio CD ကိုလည်း အခုတစ်ခါ ထွက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

ပိုပိုပါဝင်ထားတဲ့ "ကြောက်ကြောက်ကြောက်" ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားကတော့ သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က