ဝတ်မှုံရွှေရည်ဟာ ခင်နှောင်းဇာတ်ရုပ်ကို အသက်သွင်းခဲ့တဲ့ ဖြုံဘူးရွာလေးကို သတိရတဲ့အကြောင်းတွေ ရင်ဖွင့်လာပါတယ်။ ဒီဇာတ်ကားကတော့ လက်ရှိမှာ ရိုက်ကူးရေးနားထားတယ်လို့ သိရပါတယ်။
Photo: Wutt Hmone Shwe Yee
ပရိသတ်အချစ်တော် ဝတ်မှုံရွှေရည်ကတော့ ‘’ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်’’ ရုပ်ရှင်ဇာတ်ကားရိုက်ခဲ့တဲ့ ဖြုံဘူးရွာလေးကို သတိရလို့နေပါတယ်။ သူမဟာ ဒီဇာတ်ကားထဲမှာ ခင်နှောင်းဆိုတဲ့ ကောင်မလေးကာရိုက်တာနဲ့ သရုပ်ဆောင်ခဲ့တာပါ။
‘’ခင်နှောင်းကိုချစ်သော ခင်နှောင်းကလည်းချစ်တဲ့ရွာသူရွာသားတွေရှိတဲ့ ဖြုံ ဘူးရွာလေးမှာ အောက်မေ့လျက် (လက်ကို မိတ်ကပ် အညိုမလိမ်းခင်)’’ ဆိုပြီးတော့ ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာ တွေ့ရပါတယ်။ အဲဒီနောက် ဇာတ်ဝင်ခန်းထဲက ခင်နှောင်း ကာရိုက်တာနဲ့ ဓာတ်ပုံလေးကိုလည်း တင်ခဲ့တာတွေ့ရပါတယ်။
Photo: Wutt Hmone Shwe Yee
လက်ရှိမှာတော့ ‘’ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်’’ ရုပ်ရှင်ဇာတ်ကားကြီးဟာ ဇူလိုင်လ ၁၇ ရက်နေ့မှာ ကန်တော့ပွဲပေးရင်း စတင်ရိုက်ကူးတာဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်နေ့မှာတော့ ရိုက်ကူးရေး ရပ်နားလိုက်တယ်လို့ သိရပါတယ်။ မိုးရာသီဖြစ်တာကြောင့် ရိုက်ကူးရေးလုပ်နေတဲ့ ဖြုံဘူးရွာအတွင်းကို မြစ်ရေတွေ ဝင်လာတာဖြစ်တဲ့အတွက် ရိုက်ကူးဖို့ အခက်အခဲတွေရှိနေတယ်လို့ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က Duwun media ကို ပြောပြခဲ့ဖူးပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဒေါင်း၊ ထူးအောင်၊ မို့မို့မြင့်အောင်နဲ့ ဝတ်မှုံရွှေရည်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။
Photo: Wutt Hmone Shwe Yee
ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။
Photo: Wutt Hmone Shwe Yee
ဝတ်မှုန်ရွှေရည်ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး စာရင်းဝင်ထဲမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း အများကြီး ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူမရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်ကာလတစ်ခုကို ရောက်ရှိလို့နေပါပြီ။ သူမကိုတော့ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။