ဦးငှက် ကွယ်လွန်တာ ၁၄ နှစ်တောင်ပြည့်ပြီ။

လူသာသေပေမယ့် နာမည်မသေသေးတဲ့ တေးရေး၊ တေးဆို ဂီတပညာရှင်ကြီး ထူးအိမ်သင်ဟာ သြဂုတ်လ ၁၄ ရက်နေ့မှာပဲ ကွယ်လွန်သွား ခဲ့တာ ၁၄ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီအတွက် သမီးဖြစ်သူ မိကွန်ထောက ရန်ကုန်အခြေစိုက်ပရဟိတ လူငယ် များကွန်ယက် ကနေတဆင့်အလှူ တွေလုပ်နေခဲ့ပါတယ်။

Photo: Mi Khon Htaw Facebook


လူသာသေပေမယ့် နာမည်မသေသေးတဲ့ တေးရေး၊ တေးဆို ဂီတပညာရှင်ကြီး ထူးအိမ်သင်ဟာ သြဂုတ်လ ၁၄ ရက်နေ့မှာပဲ ကွယ်လွန်သွား ခဲ့တာ ၁၄ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီအတွက် သမီးဖြစ်သူ မိကွန်ထောက ရန်ကုန်အခြေစိုက်ပရဟိတလူငယ်များကွန်ယက် ကနေတဆင့် လက်ရှိ ရေဘေးသင့်ဒေသများအတွက် အလှူငွေကျပ် ၃ သိန်းလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

'' ထူးအိမ်သင် ( ကိုငှက် ) ကွယ်လွန်ခြင်း ၁၄ နှစ်ပြည့်အတွက်ရည်စူးပြီး လက်ရှိရေဘေးသင့်ဒေသများအတွက် လိုအပ်သည် များကို ရန်ကုန်အခြေစိုက်ပရဟိတလူငယ်များကွန်ယက် မှတဆင့်ကူညီမျှဝေပေးရန် ကိုထူးအိမ်သင် ၏ သမီးလေး မိကွန်ထော မှ ငွေကျပ် ၃ သိန်း လာရောက်လှူဒါန်းသွားပါတယ်'' ဆိုတာကို မောင်မောင်အေးက သြဂုတ်လ ၁၄ ရက်နေ့ ညနေ ၅ နာရီခန့်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ တာဖြစ်ပါတယ်။

Photo: Mi Khon Htaw Facebook


တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားတဲ့ အဆိုရှင်တစ်ယောက် ဖြစ်တဲ့ ထူးအိမ်သင်က ယခုအချိန်ထိ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာ တစ်နေရာ ယူထားနိုင်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ကိုတော့ အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေများက ကိုငှက်ကြီး လို့ ချစ်စနိုးနဲ့ ခေါ်ကြပါသေးတယ်။

Photo: Mi Khon Htaw Facebook


၂၀၁၆ ခုနှစ်တုန်းကလည်း ထူးအိမ်သင် ကွယ်လွန်ခြင်း(၁၂)နှစ်ပြည့် အထိမ်းအမှတ်တစ်ခုအဖြစ် ထူးအိမ်သင် သီချင်းပေါင်းချုပ် စာအုပ်ထုတ်ခဲ့ ပါသေးတယ်။ ထူးအိမ်သင်သီချင်းပေါင်းချုပ် စာအုပ်ကို စိတ်ကူးချိုချိုစာအုပ်တိုက် က တစ်အုပ်ကို (၅၅၀၀)ကျပ်နဲ့ ရောင်းချပေးခဲ့ တယ်လို့ သိရပါတယ်။

Photo: Mi Khon Htaw Facebook

ထူးအိမ်သင်ရဲ့ သီချင်းအားလုံးစုစည်းကာ စာအုပ်ထုတ်မည် 

အဆိုတော် ထူးအိမ်သင်ဟာ ၂၀၀၄ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ လူကိုယ်တိုင်က မရှိတော့ပေမယ့် သူ ရေး သား ထားတဲ့ သီချင်းတွေကတော့ ဒီနေ့ အချိန်ထိ ဂီတလောကမှာ အောင်မြင်ကျော်ကြားလျှက်ရှိပါတယ်။ လက်ရှိအောင်မြင်နေတဲ့ အဆိုတော် တွေရဲ့ ရင်ထဲမှာလည်း သတိတရ ရှိလို့နေတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

Share

Loading Next Article...
က္က