အလောင်းမင်းတရား ဝင်စားတာလဲ မဟုတ်ပါဘူး။

ပိုင်တံခွန်ကတော့ ဘုရားပေါ်ရောက်တိုင်း ဆုတောင်းခဲ့တဲ့အရာတွေက ထိုင်းနိုင်ငံရောက်မှ ပြည့်သွားတယ်လို့ ဆိုပါတယ်။ ဒီလို အောင်မြင်မှုမျိုးကိုလည်း အိပ်မက်တွေ မက်ခဲ့ဖူးတယ်လို့ ပြောပါတယ်။ 

Photo: Paing Takon



ပိုင်တံခွန်ဟာ အနုပညာနဲ့ပတ်သက်တဲ့ သူ့ရဲ့ ရည်မှန်းချက်တွေကို ပြောပြလာပါတယ်။ အခုလိုမျိုး ပရိသတ်အများကြီးရဲ့ အားပေးမှုကို ပိုင်ဆိုင်ခွင့်ရဖို့အတွက် အိပ်မက် မက်ခဲ့ဖူးတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ ဒီလိုရလာမယ့် အောင်မြင်မှုမျိုးကို တစ်ချိန်က အိပ်မက်တွေ မက်ခဲ့ဖူးတယ်။ နောက်ပိုင်းကျတော့ ကံတရားအတိုင်းပဲပေါ့နော်။ တချို့အရာတွေက ကြိုးစားတိုင်းမဖြစ်ဘူး။ တချို့အရာတွေက ကံကောင်းတိုင်းလည်း မဖြစ်ဘူး။ အကုန်လုံးပေါင်းစပ်နေမှ ရတာဖြစ်တဲ့အတွက် အမြဲတမ်းကောင်းဖို့ အိပ်မက် မက်မနေတော့ဘူး။ ကိုယ်ကံကောင်းဖို့အတွက်အများကြီးလုပ်ဖြစ်တယ်၊ ဆိုးတာတွေလည်း လုပ်တယ်။ ကိုယ်တိုင်ကြိုးစားနေတာ ကိုယ်အသိဆုံး ကောင်းတဲ့ကံလေးရှိဖို့က ပိုအရေးကြီးတယ်” လို့ ဆိုပါတယ်။

Photo: Paing Takon

ထိုင်းနိုင်ငံမှာ Fan Meeting လုပ်ခဲ့တဲ့ ဓာတ်ပုံတွေကို Troll ထားတဲ့အရာလေးတွေထဲကမှ အလောင်းမင်းတရား သေလို့ ဝင်စားတာလားဆိုတဲ့ စာသားလေးတွေအပေါ် ပိုင်တံခွန်က အခုလို ပြောပြလာပါတယ်။

“ အလောင်းမင်းတရား သေလို့ ဝင်စားတာ မဟုတ်ပါဘူးဗျာ။ အဓိက က သူတို့လူမျိုးတွေက အရမ်းချစ်တယ်။ ကိုယ့်အတွက်ကိုယ် ဆုတောင်းရင်တောင်မှ ငွေကြေးချမ်းသာဖို့ထက် စိတ်ချမ်းသာဖို့၊ လူတစ်ယောက်က ကိုယ့်ရဲ့ အသံကို ကြားရင် ချစ်ခင်ဖို့၊ လူတစ်ယောက်က ကိုယ့်ရဲ့ မျက်နှာကိုမြင်ရင် စိတ်ချမ်းသာဖို့ အမြဲတမ်း ဆုတောင်းတယ်။ ထိုင်းနိုင်ငံမှာ ကျွန်တော်ရတယ် အဲဒီလို ဆုတွေ” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၁ ရက်နေ့က “ပြည့်စုံသျှင်” ရွှေဆိုင်ကြော်ငြာရိုက်ကွင်းမှာ ဖြေဆိုခဲ့တာပါ။

Photo: Paing Takon

ပိုင်တံခွန်ရဲ့ အောင်မြင်မှုကတော့ မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ ပရိသတ်အခိုင်အမာ ရရှိလာတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သူဟာ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်း ကြိုးစားလာတာကို တွေ့ရပါတယ်။ ပိုင်တံခွန်က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ က ထွက်ရှိခဲ့ပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က