ုကုန်ပစ္စည်းမပါဘဲ တွေ့ရှိခဲ့တာပါ။

သုံးခွမြို့နယ်၊ သမ္မစိတ္တကျေးရွာပင်လယ်ကမ်းခြေနဲ့ ရေမိုင် ၇ မိုင်ခန့်အကွာမှာ ကုန်တင်သဘောၤတစ်စီးသောင်တင် နေတာကို စစ်ဆေးနေတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ကနေသတင်းထုတ်ပြန်ပါတယ်။

122.jpg

သဘောၤအားတွေ့ရစဉ်

 

သုံးခွအနီးကပင်လယ်ပြင်မှာ  သြဂုတ်လ ၂၉ ရက်နေ့ ညရှစ်နာရီခန့်က အလျား(၁၇၇.၃၅) မီတာ၊အနံ (၂၇.၉၁) မီတာ၊ အလေးချိန် တန် ၂၆၀၀၀ ကျော်ရှိတဲ့ SAM RATULANGI PB 1600 ၊ Magor HAZARD အမျိုးအစား ကုန်တင်သဘောၤကို ခါးကျိုးပြီး သောင်တင်နေတယ်လို့ သိရပါတယ်။

အဲ့ဒီသဘောၤပေါ်မှာ အင်ဒိုနီးရှားအလံတင်ထားပြီးတော့ သဘောၤသားနဲ့ ကုန်ပစ္စည်းတွေ မပါဘဲနဲ့ တွေ့ရတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

သဘောၤအတွင်းပိုင်းတစ်နေရာ

 

အဲ့ဒီလိုတွေ့တာကို သုံးခွရဲတပ်ဖွဲ့မှုးအပါအဝင် တာဝန်ရှိသူတွေက စစ်ဆေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရေကြောင်းဦးစီးဌာနက အဲ့ဒီသဘောၤက အင်ဒိုနီးရှားသဘောၤဖြစ်ကြောင်း အတည်ပြုခဲ့ပြီးတော့ မျောလာတာ(ဒါမှမဟုတ်) စွန့်ပစ်ခဲ့တာဖြစ်နိုုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

 

Share

Loading Next Article...
က္က