OPPO Find X ကို သြဂုတ်လ ဒုတိယပတ်ကစပြီး ကြိုတင်အမှာတွေလက်ခံရောင်းချခဲ့ရာ ဒုတိယပတ်အကုန်မှာပဲ ပထမအသုတ်အဖြစ်ဝင်ရောက်လာတဲ့ဖုန်းတွေအားလုံး ရောင်းကုန်သွားပြီဖြစ်ကြောင်း OPPO Myanmar မှ တာဝန်ရှိသူတစ်ဦးရဲ့ပြောကြားချက်အရသိရပါတယ်။
OPPO Find X အတွက် ဒုတိယအသုတ်ဖုန်းတွေကို သြဂုတ်လ တတိယပတ်မှစတင်ပြီး ဆက်လက်ရောင်းချပေးသွားမယ် လို့လည်း သိရပါတယ်။
OPPO Find X ဟာ OPPO က သူတို့ရဲ့မူလအစ Find Series ကိုစတင်မိတ်ဆက်ပေးခဲ့ပြီး ၄နှစ်အကြာမှာ flagship အဆင့်မြင့်ဖုန်းတစ်လုံးအဖြစ် ဖန်တီးထုတ်လုပ်လိုက်တဲ့ မျိုးဆက်သစ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။ ယခု OPPO Find X ကို ဒီဇိုင်းပိုင်း ထူးခြားဆန်းသစ်တဲ့အသွင်နဲ့ဖန်တီးပေးထားပြီး ကြီးမားကျယ်ပြန့်ကာ ကွေးညွတ်နိုင်တဲ့ မျက်နှာပြင်အမျိုးအစားကိုအသုံးပြုပေးထားတဲ့မိုဘိုင်းလောကရဲ့ မျက်နှာပြင်နှင့်ကိုယ်ထည်အချိုးအစား အကြီးဆုံးဖုန်းအဖြစ်ပါ စံချိန်တင်ထားပါတယ်။
အရည်အသွေးစိုပြေတောက်ပတဲ့ 6.4 inch အရွယ်အစားရှိ AMOLED Display ကိုအသုံးပြုပေးထားပြီး ဖုန်းကိုယ်ထည်ထဲမှာ ကွယ်မြုပ်ထည့်သွင်းထားတဲ့ 3D camera စနစ်တွေက OPPO Find X ရဲ့အဆန်းသစ်ဆုံး တီထွင်ဖန်တီးမှုတစ်ခုပါပဲ။
လုံခြုံစိတ်ချရတဲ့ အဆင့်မြင့် 3D Face Recognition စနစ်နဲ့ မျက်နှာကို scan ဖတ်ကာ ဖုန်းကို unlock လုပ်ဖွင့်နိုင်မှာဖြစ်ပြီး ကင်မရာအသုံးပြုမယ့်အချိန်နဲ့ဖုန်းကို unlock လုပ်လိုတဲ့အချိန်တို့ကျမှ Slide Mechanism အခြေခံတဲ့ ကင်မရာကိုယ်ထည်က ဖုန်းအပေါ်ပိုင်းမှာထွက်ပေါ်လာမယ့် ဒီဇိုင်းပဲ ဖြစ်ပါတယ်။ OPPO Find X မှာ အဆင်မြှင့်တင်ထားတဲ့ AI နည်းပညာနဲ့ 25MP ရှေ့ကင်မရာ၊ ကောင်းဆုံး Portrait ပုံတွေကိုပါရိုက်ယူနိုင်မယ့် 16MP နဲ့ 20MP နောက်ကင်မရာ၂လုံးတို့ကို တပ်ဆင်အသုံးပြုပေးထားပါတယ်။
စွမ်းဆောင်မှုအပိုင်းမှာ Qualcomm ရဲ့နောက်ဆုံးထုတ် Snapdragon 845 CPU နဲ့အတူ RAM 8GB ကိုတွဲဖက်ပေးထားတာကြောင့် မြန်ဆန်ချောမွေ့တဲ့ထိတွေ့သုံးစွဲမှုအတွေ့အကြုံကိုအပြည့်အဝပေးစွမ်းမှာပဲ ဖြစ်ပါတယ်။
အချက်အလက်သိုလှောင်သိမ်းဆည်းမှုအတွက် 256GB internal storage နဲ့ 4G ကွန်ရက်အသုံးပြုနိုင်မယ့် ဆင်းကဒ် ၂ ကဒ်သုံး စနစ်တို့ပါဝင်တာကိုလည်းတွေ့ရပါတယ်။ အရည်အသွေးမြင့် 3730 mAh battery က တစ်နေ့တာသုံးစွဲမှုအတွက် ပိုမိုလုံလောက်စေတဲ့အပြင် OPPO ရဲ့ကိုယ်ပိုင်နည်းပညာဖြစ်တဲ့ အားအမြန်သွင်းစနစ် VOOC Flash Charge နည်းပညာကြောင့် ၅မိနစ်အားသွင်းလိုက်ရုံဖြင့် ၂နာရီကြာအထိဖုန်းပြောနိုင်မှာလည်း ဖြစ်ပါတယ်။ OPPO Find X ကိုဈေးကွက်ထဲမှာ ၁,၁၉၉,ဝဝဝ ကျပ်ဖြင့်ရောင်းချပေးလျက်ရှိပြီး Bordeaux Red နှင့် Glacier Blue အရောင်၂မျိုးကို ရွေးချယ်ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။