ယူနိုက်တက်ကနေ ဖီနာဘာချီကို ရောင်းချခံခဲ့ရတာပါ။

ဗန်ပါစီဟာ အာဆင်နယ်ကနေ ယူနိုက်တက်ကို ၂၀၁၂ မှာ ပြောင်းရွှေ့ခဲ့ပြီး ရွှေဖိနပ်ဆုနဲ့ ပရီးမီးယားလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်းရော်ဘင်ဗန်ပါစီက ၂၀၁၅ ခုနှစ်မှာ ယူနိုက်တက်ကနေ ထွက်ခွာခဲ့ရတဲ့အကြောင်းကို ပြန်လည်ပြောပြခဲ့ပြီး နည်းပြဗန်ဂါးလ်ရဲ့ ကြမ်းကြမ်းတမ်းတမ်းပြောဆိုမှုတွေကို ခံခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဗန်ပါစီဟာ အာဆင်နယ်ကနေ ယူနိုက်တက်ကို ၂၀၁၂ မှာ ပြောင်းရွှေ့ခဲ့ပြီး ရွှေဖိနပ်ဆုနဲ့ ပရီးမီးယားလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

ဖာဂူဆန်ရဲ့ နောက်ဆုံးရာသီမှာမှ ဗန်ပါစီက ရောက်ရှိခဲ့တာဖြစ်ပြီး ရောက်ရောက်ချင်းမှာပဲ အောင်မြင်မှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဖာဂူဆန်အနားယူသွားခဲ့ပြီးနောက် ဒေးဗစ်မိုယက်စ်လက်အောက်မှာ ကစားခဲ့ရပြီး နောက်ထပ်တစ်နှစ်မှာ ဗန်ဂါးလ်နဲ့လက်တွဲခဲ့ရတာဖြစ်ပါတယ်။ ဗန်ပါစီအနေနဲ့ ရာသီကြိုခြေစမ်းပွဲခရီးစဉ်မှာလည်း အသင်းနဲ့အတူလေ့ကျင့်ရခြင်းမရှိဘဲ တစ်ဦးတည်းသာ လေ့ကျင့်ခဲ့ရတယ်လို့ သိရပါတယ်။ 

"ကျွန်တော့်ရဲ့ ယူနိုက်တက်ကစားသမားဘဝ နောက်ဆုံးရာသီမှာ ဗန်ဂါးလ်နဲ့ စကားပြောဖြစ်ခဲ့ပါတယ်၊ လက်ရွေးစင်အသင်းမှာရော၊ ကလပ်အသင်းမှာပါ ကောင်းမွန်တဲ့ဘောလုံးရာသီ ၂ရာသီရှိခဲ့ပေမယ့်လည်း သူ့ရဲ့ ယူနိုက်တက်ပထမဆုံးရာသီကတော့ ကြီးကျယ်ခမ်းနားမှုမရှိခဲ့ပါဘူး၊ သူနဲ့ စကားပြောခဲ့ပြီးနောက် ကောင်းပြီ ရော်ဘင်၊ ငါက နည်းပြ၊ မင်းက ကစားသမား၊ ဒီတော့ မင်းအသင်းကနေ ထွက်သွားလိုက်တော့၊ မင်းသွားရမယ့်အချိန်ရောက်ပြီလို့ သူ ပြောခဲ့ပါတယ်"

"ကျွန်တော့်မှာစာချုပ်ကျန်သေးတယ်လို့ ပြောခဲ့ပေမယ့် သူက ငါ ဂရုမစိုက်ဘူးလို့ တုံ့ပြန်ခဲ့တာပါ၊ အဆုံးသတ်မှာ မကောင်းတာတစ်ခုခုရောက်လာတော့မယ်လို့ ကျွန်တော်ခံစားမိပြီးသားပါ၊ ဒါပေမယ့် ဒီလောက်ထိ ကြမ်းတမ်းခဲ့မယ်လို့ ကျွန်တော်မထင်ခဲ့ဘူး၊ ကျွန်တော့်မှာ စာချုပ်ရှိသေးတယ်၊ မိသားစုကလည်း အင်္ဂလန်မှာပျော်နေတယ်၊ ကလေးတွေက ကျောင်းတက်နေပြီ၊ သူငယ်ချင်းတွေလည်းရနေပြီ"

"ကျွန်တော်သူ့ကိုပြန်ပြောခဲ့တာက ကောင်းပြီလေ၊ ဒါက ခင်ဗျားအမြင်ပေါ့၊ ကျွန်တော့်မှာစာချုပ်ကျန်သေးတယ်၊ အင်္ဂလန်မှာရော၊ ယူနိုက်တက်မှာပါ ကျွန်တော်ပျော်နေတယ်၊ ကျွန်တော့်မိသားစုကလည်း အတူတူပဲ၊ ဘာတွေဖြစ်လာမလဲစောင့်ကြည့်တာပေါ့လို့ ပြန်ပြောခဲ့ပါတယ်" လို့ ဗန်ပါစီကပြောဆိုခဲ့ကြောင်း Daily Mail ကဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗန်ပါစီဟာ အဆုံးသတ်မှာ ဖီနာဘာချီကို ပေါင် ၄ သန်းတည်းနဲ့ ရောင်းချခံခဲ့ရပြီး ပရီးမီးယားလိဂ်ကစားသမားဘဝ အဆုံးသတ်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က