ထားထက်ထက်ဟာ အားကစားနဲ့ ပတ်သက်ပြီးတော့လည်း ထူးချွန်သူ တစ်ဦးဖြစ်တာကြောင့် ကျွမ်းဘားအားကစားပါဝင်တဲ့ ဇာတ်ကား ရိုက် ကူး ထားတယ်လို့ ဆိုပါတယ်။ အခုလက်ရှိရုံတင်ပြသနေတဲ့ လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ ရုပ်ရှင်ဇာတ်ကား ကြီးထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။
Photo: Htar Htet Htet Facebook
သရုပ်ဆောင်လည်းဖြစ်သလို၊ အလှမယ် တစ်ယောက်လည်း ဖြစ်တဲ့ ထားထက်ထက်ဟာ အားကစားနဲ့ ပတ်သက်ပြီးတော့လည်း ထူးချွန်သူ တစ်ဦးဖြစ်ပါတယ်။ သူဟာ အနုပညာအလုပ်တွေ အပြင် ကျွမ်းဘားမယ် တစ်ယောက်လည်း ဖြစ်တာကြောင့် ကျွမ်းဘားနဲ့ ပတ်သက်ပြီး ဇာတ်ကားလည်း ရိုက်ကူးထားတာရှိတယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။
'' ကျွမ်းဘား နဲ့ ပတ်သက်ပြီး ရိုက်ထားတဲ့ ဇာတ်ကားလည်း ရှိပါတယ်။ အဲ့ဒီဇာတ်ကားထဲမှာဆိုရင် အရမ်းကို ရိုးအေးတဲ့ ကောင်မလေး တစ်ယောက်အဖြစ် စပြီးတော့ ထွက်လာတယ်။ နောက်ပိုင်းမှာ ထူးဆန်းတဲ့ ကာရိုက်တာ အက်ရှင်ဇာတ်ကားတွေလည်း ပါလာ ပါလိမ့်မယ်'' လို့ သြဂုတ်လ ၁၁ ရက်နေ့က လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ ရုပ်ရှင်ဇာတ်ကားအထူးပွဲမှာ Duwun Media ကို ပြောပြခဲ့တာဖြစ်ပါတယ်။
Photo: Htar Htet Htet Facebook
ထားထက်ထက်ဟာ ကလေးတွေ အတွက် အားကစားသင်တန်းတစ်ခုဖြစ်တဲ့ ကျွမ်းဘား သင်တန်းလည်း ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီနောက် လူကြီးတွေ ကျန်းမာရေးအတွက် လေ့ကျင့်ခန်း ပုံမှန်လုပ်နိုင်ဖို့ ကိုလည်း ကျွမ်းဘားသင်တန်း ထပ်ဖွင့်သွားဖို့ ပြင်ဆင်နေတဲ့အကြောင်း ပြောပြခဲ့ပါသေးတယ်။
'' လူကြီးတွေ အတွက်လည်း ကျွမ်းဘား Class ဖွင့်ဖို့ရှိပါတယ်။ သူတို့အကုန်လုံးကလည်း ဆော့ချင်တယ်လို့ ပြောလာတယ်၊ ဒါပေမယ့် ထားထက်ထက် ကိုယ်တိုင်က အချိန်မပေးနိုင်သေးတာပေါ့နော်။ ဖွင့်ဖို့ အတွက်ကိုတော့ ပြင်ဆင်နေပါတယ်၊ ထားထက် ပြန်ပြီးတော့ ကြေညာ ပေးပါမယ်'' လို့ ဆိုပါတယ်။
Photo: Htar Htet Htet Facebook
လမ်းဘေးမုန်ဟင်းခါးဆိုင်အတွက် နာမည်ပေး ဗီနီုင်းထုတ်ပေးခဲ့တဲ့ ထားထက်ထက်
ထားထက်ထက်ဟာ Miss Grand Myanmar 2013 ဆုကို ရရှိပိုင်ဆိုင်ခဲ့တဲ့ အလှမယ်တစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီပြိုင်ပွဲကြီးကနေ တဆင့် အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေကို ဝါရင့် သရုပ် ဆောင်တွေနဲ့ ရိုက်ကူးနေရပြီဖြစ်ပါတယ်။
Photo: Htar Htet Htet Facebook
ထားထက်ထက်ပါဝင်သရုပ်ဆောင်ထားတဲ့ လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ ရုပ်ရှင်ဇာတ်ကားကြီးကလည်း လက်ရှိမှာ ရုံတင်ပြသလျှက်ရှိပါ တယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် လူမင်းရဲ့ တစ်ဦးတည်းသော သမီး၊ အဆိုတော် ယုန်လေးရဲ့ ချစ်သူ အဖြစ် ပါဝင်သရုပ်ဆောင် ထားတာ ဖြစ်ပါတယ်။