တွစ်တာကတဆင့် ပရိသတ်တွေနဲ့ အမေးအဖြေပြုလုပ်ခဲ့တဲ့ အစီအစဉ်မှာ ဗန်ဒိုက်က ပြန်လည်ဖြေဆိုသွားခဲ့တာလည်း ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းရဲ့နောက်ခံလူဗန်ဒိုက်က ဘာစီလိုနာတိုက်စစ်မှူးလီယွန်နယ်မက်ဆီဟာ သူ့အတွက်ရင်ဆိုင်ရအခက်ဆုံးပြိုင်ဘက်တစ်ဦးဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်မှာ ဗန်ဒိုက်နဲ့ မက်ဆီတို့ ထိပ်တိုက်တွေ့ဆုံခဲ့ာကပြီး နူးကမ့်မှာ မက်ဆီခြေစွမ်းပြခဲ့ပေမယ့် အန်ဖီးလ်မှာတော့ ရုန်းကန်ခဲ့ရပါတယ်။
နယ်သာလန်လက်ရွေးစင်နောက်ခံလူက မက်ဆီရဲ့ အရည်အသွေးကို အသိအမှတ်ပြုခဲ့ပြီး ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။ တွစ်တာကတဆင့် ပရိသတ်တွေနဲ့ အမေးအဖြေပြုလုပ်ခဲ့တဲ့ အစီအစဉ်မှာ ဗန်ဒိုက်က ပြန်လည်ဖြေဆိုသွားခဲ့တာလည်း ဖြစ်ပါတယ်။
ဗန်ဒိုက်ကတော့ အဂူရိုနဲ့ ပရီးမီးယားလိဂ်မှာ မကြာခဏရင်ဆိုင်နေခဲ့ရသူဖြစ်ပါတယ်။ ဆောက်သမ်တန်ကစားသမားဘဝ နဲ့ လီဗာပူးလ်ကစားသမားဘဝတွေမှာ အဂူရိုကို ထိန်းချုပ်ခဲ့ရတာဖြစ်ပြီး အာဂျင်တီးနားတိုက်စစ်မှူးရဲ့ ကစားဟန်က သူ့အတွက် အခက်အခဲရှိနေခဲ့တယ်လို့ ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဘောလုံးရာသီရပ်နားထားချိန်မှာလည်း အဆင်ပြေမှုတွေရှိတယ်လို့ ဗန်ဒိုက်က ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။