ပြီးခဲ့တဲ့ရာသီအတွက် အကောင်းဆုံးဂိုးအဖြစ် မက်ဆီရဲ့ ဂိုးက သတ်မှတ်ခံရတာပါ။

ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးသွင်းဂိုးကို မက်ဆီက ဘင်ဖီကာဘက်ကို သွင်းယူခဲ့တဲ့ ဂိုးနဲ့ ဆွတ်ခူးသွားခဲ့ပါတယ်။ ဘင်ဖီကာတို့ တိုက်စစ်ဆင်လာချိန် ကွင်းလယ်မှာ ​ဘောလုံးပျက်ကာ ပီအက်စ်ဂျီတို့ ရရှိခဲ့တဲ့နောက် အပေးအယူမြန်မြန်လုပ်ကာ မက်ဆီ-ဘတ်ပီ-နေမာ-မက်ဆီ တွဲလုံးကနေ မက်ဆီက ဂိုးသမားရဲ့ ညာဘက်ထောင့်ကို ဘယ်ခြေနဲ့ ဝိုက်ကန်သွင်းခဲ့တာပါ။ 



ဒါပေမယ့် ပရိသတ်တွေကတော့ ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ မန်စီးတီးကွင်းလယ်လူရိုဒရီ သွင်းယူခဲ့တဲ့ ဂိုးကို မရွေးချယ်ခဲ့လို့ ဝေဖန်ခဲ့ကြပါတယ်။ ရိုဒရီရဲ့ သွင်းဂိုးက လုယူခံလိုက်ရပြီလို့လည်း သူတို့က ပြောဆိုခဲ့ကြတာပါ။ ရိုဒရီကတော့ ဒီဂိုးကို ကွာတားဖိုင်နယ် ပထမအကျော့မှာ သွင်းခဲ့တာပါ။ 



ဘာနာဒိုဆေးဗားလ်ရဲ့ ပေးပို့မှုကို ရိုဒရီက ရရှိခဲ့ပြီးနောက် ဘိုင်ယန်ကစားသမားတဦး ဝင်လုတာကို လှလှပပလှည့်စားကာ ဧရိယာပြင်ပကနေ ဘယ်ခြေနဲ့ အမြင့်ဘောကန်သွင်းယူခဲ့တာပါ။ ဘိုင်ယန်ဂိုးသမား ဆွန်ယန်းမားရဲ့ ညာဘက်အပေါ်ထောင့်ထဲကို တန်းတန်းမတ်မတ်ဝင်သွားခဲ့တာလည်း ဖြစ်ပါတယ်။ 

နောက်ထပ်ရွေးချယ်စရာဂိုးအဖြစ် မန်စီးတီးနဲ့ ဆီမီးဖိုင်နယ်ပွဲမှာ ရီးရဲလ်အတွက် ဂိုးသွင်းခဲ့တဲ့ ဗင်နီရှပ်ရဲ့ ဂိုးကိုလည်း ပေးသင့်တယ်လို့ ဆိုကြပါတယ်။ မက်ဆီရဲ့ သွင်းဂိုးကို ရရှိခဲ့မှုမှာ မျက်နှာလိုက်ရွေးချယ်သွားခဲ့တာလို့ စွပ်စွဲခဲ့ကြပါတယ်။ ဟာလန်းရဲ့ အသင်းဟောင်းဒေါ့မွန်ဘက်ကို သွင်းယူခဲ့တဲ့ ဂိုးကလည်း အကောင်းဆုံးသွင်းဂိုး ၅ ဂိုးထဲ ပါဝင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က