ရိုဒရီဂိုကတော့ ရီးရဲလ်တိုက်စစ်အတွက် မရှိမဖြစ်ပါပဲ။

ရီးရဲလ်မက်ဒရစ် တိုက်စစ်ကစားသမားလေး​ ရိုဒရီဂိုဟာ မနေ့ညက မန်စီးတီးနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာလည်း အသင်းအတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြန်ပါတယ်။ အဲ့ဒါကြောင့်လည်း ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွေမှာ သူ့ရဲ့ သွင်းဂိုးအရေအတွက်က (၇)​ ဂိုးအထိ ရှိလာခဲ့ပါတယ်။



ဒါ့အပြင် ဒီသွင်းဂိုး (၇) ဂိုးနဲ့ပတ်သက်လို့ တိုက်ဆိုင်တာလားလို့ ထင်ရလောက်အောင် ကြီးမားတဲ့ ထူးခြားချက်တစ်ခုကလည်း ရှိနေပြန်ပါတယ်။ ဒါကတော့ ရိုဒရီဂိုက ဒီသွင်းဂိုး (၇) ဂိုးစလုံးကို ပရီးမီးယားလိဂ်အသင်းတွေဘက်ကို သွင်းယူထားတာဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ ချန်ပီယံလိဂ်​ရှုံးထွက်အဆင့်ပွဲတွေမှာ ရိုဒရီဂိုက (၃) ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။ ဒါ့အပြင် မန်စီးတီးနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ပွဲတွေမှာလည်း ရိုဒရီဂိုက လေးဂိုးအထိ သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီသွင်းဂိုးတွေထဲမှာ ရီးရဲလ်မက်ဒရစ်အတွက် အသက်တမျှ အရေးပါတဲ့ သွင်းဂိုးတွေလည်း ပါဝင်ခဲ့ပြီး နောက်ကျချေပဂိုးတွေအဖြစ် ရီးရဲလ်မက်ဒရစ်ကို အချိန်ပိုဆက်ကစားဖို့၊ နောက်တစ်ဆင့်တက်စေဖို့ အထောက်အကူဖြစ်ခဲ့ပါတယ်။ ရိုဒရီဂိုကတော့ ရီးရဲလ်မက်ဒရစ်တိုက်စစ်ပိုင်းအတွက် ဗီနီရှပ်စ်နည်းတူ မရှိမဖြစ် ကစားသမားပါ။

ရီးရဲလ်မက်ဒရစ်ဟာ အခုဆိုရင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ပြီဖြစ်ပြီး သူတို့အတွက် နောက်ထပ် ချန်ပီယံလိဂ် ဆုဖလားကြီးကို အိပ်မက်နေပြီလည်း ဖြစ်ပါတယ်။ ရိုဒရီဂိုတစ်ယောက် ဆီမီးဖိုင်နယ်မှာရော ရီးရဲလ်မက်ဒရစ်အတွက် ခြေစွမ်းပြ​ဂိုးတွေ သွင်းယူဦးမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က