အင်္ဂလန်နဲ့ ဘရာဇီးပွဲမှာ ဝေါလ်ကာ ဒဏ်ရာရသွားခဲ့တာပါ။

အင်္ဂလန်နဲ့ ဘရာဇီးတို့ရဲ့ နိုင်ငံတကာခြေစမ်းပွဲမှာ အင်္ဂလန်ညာနောက်ခံလူ ဝေါ်လ်ကာတစ်ယောက် ဒဏ်ရာရရှိသွားတဲ့အပေါ် ဗီနီရှပ်စ်က ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဒီကစားသမားနှစ်ယောက်ဟာ လာမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာလည်း ထိပ်တိုက်တွေ့ကြဦးမှာပါ။



သူတို့နှစ်ယောက်ဟာ အင်္ဂလန်နဲ့ ဘရာဇီးတို့ရဲ့ နိုင်ငံတကာခြေစမ်းပွဲမှာလည်း ထိပ်တိုက်တွေ့ခဲ့ကြပြီးဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါပွဲမှာ မန်စီးတီးရဲ့ညာနောက်ခံလူ ဝေါ်လ်ကာက ပွဲကစားချိန် မိနစ် (၂၀) မှာတင် ဒဏ်ရာပြဿနာကြောင့် ရီကိုလူးဝစ်နဲ့ လူစားလဲခံခဲ့ရပါတယ်။

ဝေါ်လ်ကာရဲ့ ဒဏ်ရာပြဿနာက ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ရင်ဆိုင်ရမယ့် မန်စီးတီးနည်းပြ ဂွါဒီယိုလာအတွက် ခေါင်းခဲစရာဖြစ်ခဲ့ရပါတယ်။ တစ်ဖက်ကကြည့်ရင်လည်း ဒါက ရီးရဲလ်မက်ဒရစ်ဘက်တော်သားတွေအတွက် သတင်းကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် ဗီနီရှပ်စ်ကတော့ “ဝေါ်လ်ကာ ဒဏ်ရာရသွားတာက အရမ်းကိုဝမ်းနည်းဖို့ကောင်းတဲ့ကိစ္စပါပဲ။ ကစားသမားတစ်ယောက် ကွင်းထဲကနေ ဒဏ်ရာနဲ့ ထွက်သွားတာက အရမ်းကို ဝမ်းနည်းစရာပါ။ ဒဏ်ရာရသွားတဲ့ ကစားသမားအတွက်တင်မဟုတ်ဘဲ ကွင်းထဲမှာရှိနေတဲ့ ကျွန်တော်တို့ ကစားသမားတွေအားလုံးအတွက် ဝမ်းနည်းစရာပါ”

“ကျွန်တော်တို့က အကောင်းဆုံးတွေနဲ့ပဲ ရင်ဆိုင်ချင်တာပါ။ ဝေါ်လ်ကာက ကျွန်တော် ရင်ဆိုင်ဖူးသမျှထဲမှာ အကောင်းဆုံးနောက်ခံလူဖြစ်ပြီး ဘောလုံးယှဉ်လုတဲ့နေရာမှာ အရမ်းကို ကောင်းမွန်ပါတယ်။ ကျွန်တော်တို့အကြားမှာ အပြန်အလှန်လေးစားမှုရှိပြီး တစ်ယောက်ချင်းစီက သူတို့ရဲ့ ကမ္ဘာပေါ်က အကြီးကျယ်ဆုံးဆိုတဲ့အရာတွေကို ကာကွယ်နေကြတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က