မင်းရာဇာဟာ သူကိုယ်တိုင် ဖခင်တစ်ယောက်ဖြစ်လာတဲ့အတွက် သားသမီးတွေအပေါ်ထားတဲ့ သူရဲ့ ခံစားချက်ကို ပြောပြလာပါတယ်။ ဒါကြောင့် သူ့ရဲ့ ဖခင်ကိုလည်း လေးစားတယ်လို့ ဆိုပါတယ်။
Photo: Min Yar Zar
သရုပ်ဆောင် မင်းရာဇာက အခုဆိုရင် သားသမီး ၂ ယောက်တို့ရဲ့ ဖေဖေ ဖြစ်လာပါပြီ။ သားသမီးတစ်ယောက် တိုးလာတာနဲ့ အမျှ ဖခင်တစ်ယောက်ရဲ့ တာဝန်ကလည်း ပိုများလာတယ်လို့ ဆိုပါတယ်။
‘’မိသားစု အတွက်ဆိုတဲ့အဖေတစ်ယောက်ရဲ့တာဝန်က လေးနက်သထက်လေးနက်လာတယ်။ ခံစားချက်ဆိုတာကိုဘေးဖယ် အတ္တကိုမေ့ထား မာနကိုခဝါချ လုပ်သင့်တာကိုဘဲဆုံးဖြတ်။ အော်.. အဖေအဖေ အဖေ ကျွန်တော်ကြီးပြင်းခဲ့ဖို့ဘယ်လောက်တောင် သောကတွေရောက်ခဲ့ပါလိမ့် အရမ်းလေးစားမိတယ် ဖေဖေ’’ ဆိုပြီးတော့ ဇွန်လ ၉ ရက်နေ့ မနက် ၁၂ နာရီ ၁၀ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: Min Yar Zar
အခုဆိုရင်တော့ သရုပ်ဆောင် မင်းရာဇာဟာ သမီး တစ်ယောက်၊ သား တစ်ယောက် တို့ရဲ့ ဖခင်ဖြစ်လို့နေပါပြီ။ သူ့ရဲ့ ဇနီးချောနာမည်ကတော့ မ ဖူးငုံပွင့် ဖြစ်ပါတယ်။ အကြီးဆုံး သမီးရဲ့ နာမည်ကတော့ သစ်သစ်မင်းရာဇာဖြစ်ပါတယ်။ သားငယ်လေးကိုတော့ ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့မှာ ဇနီးဖြစ်သူ မဖူးငုံပွင့်က မွေးဖွားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သားငယ်လေးဟာ ၂ လသား အရွယ်သာ ရှိသေးတာကြောင့် နာမည်မပေးရသေးပါဘူး။
Photo: Min Yar Zar
အက်ရှင်ဇာတ်ကားတွေနဲ့ ပရိသတ်အားပေးမှု အများကြီးရရှိခဲ့တဲ့ မင်းရာဇာဟာ အနုပညာသက်တမ်း နှစ်များစွာ ကြာနေပြီဖြစ်ပါတယ်။ သူ့ အနေနဲ့ အခုချိန်ထိလည်း ပရိသတ်အခိုင်အမာရရှိပြီးသား အနုပညာရှင်တစ်ယောက်ပါ။ မင်းရာဇာကိုတော့ ရန်ကုန်ပရိသတ် တွေထက် နယ်ပရိသတ်က ပိုပြီး ချစ်ခင်အားပေးတာကိုလည်း တွေ့ရပါတယ်။