အကယ်ဒမီ ရင်ခုန်သံကရော။

သုံးရောင်ခြယ် ရုပ်ရှင်ဇာတ်ကားကြီးက ဆန်ခါတင် (၂၅) ကားထဲ စာရင်းထဲ ပါဝင်လာခြင်း မရှိခဲ့ပါဘူး။ အတူပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေ အတွက်တော့ စိတ်မကောင်းဘူးလို့ ဆိုပါတယ်။

Photo : သုံးရောင်ခြယ်

သရုပ်ဆောင် ခန့်စည်သူ ပါဝင်ထားတဲ့ သုံးရောင်ခြယ် ရုပ်ရှင်ဇာတ်ကားကြီးဟာ ပြီးခဲ့သော ရက်ပိုင်းလောက်မှာ ထွက်ရှိလာတဲ့ အကယ်ဒမီဆန်ခါတင် (၂၅) ကားစာရင်းထဲ ပါဝင်လာခြင်းမရှိခဲ့ပါဘူး။ သုံးရောင်ခြယ်ဇာတ်ကား ဆန်ခါတင်စာရင်းထဲ မပါတဲ့အတွက် ဒီနှစ်အကယ်ဒမီဆုနဲ့ ပတ်သက်ပြီး ရင်ခုန်စရာမရှိပါဘူးလို့ခန့်စည်သူက ဆိုပါတယ်။

“ဒီနှစ်အကယ်ဒမီအတွက်ကတော့ ရင်ခုန်စရာမရှိပါဘူး။ ၂၅ကားထဲက ကားတွေပဲ ပါဖို့များပါတယ်။ ပြီးခဲ့တဲ့နှစ်က ဟာသကားတော်တော်များတယ်။ ဒရမ်မာဆိုလည်း သုံးရောင်ခြယ်ပဲပါတာ။သုံးရောင်ခြယ်လည်း ပြုတ်တယ်ဆိုတော့ ရင်ခုန်စရာမရှိပါဘူး။ အရည်အချင်းရှိတဲ့ ကားက ပါရမယ်။ အရည်အချင်းမရှိတဲ့ ကားမပါဘူးဆိုပြီး အင်တာဗျူးတွေမှာ အကဲဖြတ်လူကြီးတွေ ဖြေတာတွေ့တယ် အဲ့မှာတင် အဖြေက ပါသွားပါပြီ “ လို့ ဖေဖော်ဝါရီ(၂၆) ရက်နေ့က ပြလုပ်တဲ့ လူလည်ကြီးများရွာ ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲမှာ ဖြေဆိုပေးခဲ့တာပါ။

Photo : သုံးရောင်ခြယ်

ဆန်ခါတင်ထဲမပါသွားတဲ့အတွက် ပါဝင်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင်တွေအတွက်လည်း စိတ်မကောင်းဖြစ်မိတယ်လို့ သူက ပြောပါတယ်။

“စိတ်မကောင်းပါဘူး။ အဲ့ကားမှာ နေမျိုးအောင်တို့လည်း တော်တော်အားထုတ်ထားတယ်။ ရွှေသမီးတို့ အိချောပိုတို့ တော်တော်အားထုတ်ထားတာတွေ့ရတယ်။ တော်တော်ကို ကြိုးကြိုးစားစား မြဝတီ မဲဆောက်ဘက်မှာရော ထိုင်းထဲအထိရော သွားရိုက်တာတွေရှိတယ်။ အဲ့ဘက်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေကလည်း ကူညီပေးတဲ့အတွက် သေနတ်အစစ်တွေ ကျည်အစစ်တွေနဲ့ ရိုက်ခဲ့တာတွေရှိတယ်ဆိုတော့ အားလုံးအတွက် စိတ်မကောင်းဖြစ်မိပါတယ်” လို့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။

ဒီနှစ်အကယ်ဒမီအတွက် အရည်အချင်းမရှိလို့ ရွေးချယ်ခြင်း မခံရပေမယ့်လည်း နောက်နှစ်တွေမှာ ဆက်လက်ပြီး ကြိုးစားသွားဦးမှာပါလို့ ခန့်စည်သူက ပြောခဲ့ပါသေးတယ်။

သုံးရောင်ခြယ် ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ စတီးလ်က ပုံဖော်ရိုက်ကူးခဲ့တာ ဖြစ်ပြီး သရုပ်ဆောင်တွေ အနေနဲ့ မင်းမော်ကွန်း၊ ခန့်စည်သူ၊ အိချောပို၊ ရွှေသမီးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ပရိသတ်တွေကတော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီစာရင်းထဲမှာ ခန့်စည်သူမပါဝင်ခဲ့ပေမယ့်လည်း ၂၀၁၉ခုနှစ်မှာ “သမီးလေးတို့ရွာ” ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီ ရဖို့ မျှော်မှန်းထားကြတာ ေ တွ့ရပါတယ်။

Share

Loading Next Article...
က္က