ဖူလ်ဟမ်ကို အိမ်ကွင်းမှာ မန်စီးတီးတို့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

မန်စီးတီးကတော့ ဖူလ်ဟမ်ကိုလည်း ဒီနေ့မှာ အနိုင်ယူပြီး နိုင်ပွဲဆက်ခဲ့ပါတယ်။ ဖူလ်ဟမ်ရဲ့ မာကျောတဲ့ ကစားပုံကြောင့် မန်စီးတီး အနည်းငယ်ခက်ခဲခဲ့ပေမယ့် ပွဲချိန်ကြာလာလေ အသာစီးကစားနိုင်လေဖြစ်ပြီး သူတို့ရဲ့ တောင့်တင်းမှုကို ပြသနိုင်ခဲ့ပါတယ်။ 

ဒါကြောင့်လည်း သူတို့ အယ်လ်ဗာရက်ဇ်ရဲ့ ဦးဆောင်ဂိုးရပြီး ချေပဂိုးချက်ချင်းပြန်ပေးခဲ့ရပေမယ့် ပွဲကို အေးဆေးကစားခဲ့ပြီး အနိုင်ဂိုးတွေ ထပ်သွင်းနိုင်ခဲ့ပါတယ်။ ဖူလ်ဟမ်ကလည်း အကောင်းဆုံးကစားနိုင်ခဲ့ပေမယ့် မန်စီးတီးတို့ တကယ်တင်ကစားချိန်မှာ တောင့်မခံနိုင်ခဲ့တော့ပါဘူး။ 

မန်စီးတီးအတွက် အယ်လ်ဗာရက်ရဲ့ ဦးဆောင်ဂိုးကို ရီအမ်က ပြန်ချေပခဲ့ပေမယ့် နသန်အကီက ဦးဆောင်ဂိုးထပ်သွင်းခဲ့လို့ ပထမပိုင်းမှာ ၂-၁ ဖြစ်နေခဲ့ပါတယ်။ အဲဒီနောက်မှာ ဟာလန်းက နောက်တဂိုးထပ်သွင်းကာ ၃-၁ ဖြစ်စေခဲ့ပြီး မန်စီးတီးကို အနိုင်ရဖို့ သေချာစေခဲ့ပါတယ်။



ဒီပွဲမှာ ဖိုဒန်က သူ့အတွက် ၃ ကြိမ်မြောက် ဖန်တီးမှုကို လုပ်ပေးနိုင်ခဲ့ကာ ဟာလန်းကလည်း တဂိုးသွင်း၊ တဂိုးဖန်တီးကာ ခြေစွမ်းပြသွားခဲ့ပါတယ်။ ၇၀ မိနစ်မှာ ဟာလန်းက ပင်နယ်တီကနေ နောက်တဂိုးထပ်သွင်းခဲ့ကာ ၄-၁ ဖြစ်ခဲ့ပြီး ဂိုးပြတ်နိုင်ပွဲတပွဲကို မန်စီးတီးတို့ ရယူနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ နောက်ထပ်တဂိုးကို ဟာလန်းကထပ်သွင်းကာ ဟက်ထရစ်ရယူပြီး မန်စီးတီးတို့ ၅-၁ နဲ့ အနိုင်ရရှိခဲ့ပါတ်ယ။

Share

Loading Next Article...
က္က