ရာသီပြီးသည်ဖြစ်စေ၊ မပြီးသည်ဖြ်စေ ချန်ပီယံအသင်းသတ်မှတ်သွားမှာပါ။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု ကြီးမားကျယ်ပြန့်လာခဲ့ချိန်မှာ ဘောလုံးပွဲတွေရပ်ဆိုင်းခဲ့ရပြီး လက်ကျန်ပွဲတွေကို မကစားတော့ဘဲ ရာသီဖျက်သိမ်းမယ့်အပေါ်မှာ လီဗာပူးလ်ပရိသတ်တွေက စိုးရိမ်ခဲ့ရပါတယ်။


လက်ရှိပရီးမီးယားလိဂ်ဘောလုံးရာသီ ပြီးဆုံးသည်ဖြစ်စေ၊ မပြီးဆုံးသည်ဖြစ်စေ ချန်ပီယံအသင်းကို သတ်မှတ်ပေးသွားမယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်က အာမခံပြောဆိုခဲ့ပြီးနောက် လီဗာပူးလ်အသင်းရဲ့ နှစ်ပေါင်း ၃၀ ကျော်ကြာ စောင့်ဆိုင်းနေခဲ့ရတဲ့ အမှတ်ပေးချန်ပီယံဖြစ်ခွင့်အိပ်မက်ဟာ ပြီးပြည့်စုံတော့မှာဖြစ်ပါတယ်။ 

ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ တာဝန်ရှိသူတွေက သက်ဆိုင်ရာပြည်တွင်းလိဂ်တွေကို အမြန်ဆုံးပြီးစီးအောင်ကစားသွားဖို့ တိုက်တွန်းခဲ့ပြီး တကယ်လို့ မပြီးဆုံးခဲ့ဘူးရင်တော့ ထိုက်တန်မှုရှိတဲ့အသင်းတွေကို သတ်မှတ်ပေးသွားမယ်လို့ အခိုင်အမာပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြသွားခဲ့တာဖြစ်ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု ကြီးမားကျယ်ပြန့်လာခဲ့ချိန်မှာ ဘောလုံးပွဲတွေရပ်ဆိုင်းခဲ့ရပြီး လက်ကျန်ပွဲတွေကို မကစားတော့ဘဲ ရာသီဖျက်သိမ်းမယ့်အပေါ်မှာ လီဗာပူးလ်ပရိသတ်တွေက စိုးရိမ်ခဲ့ရပါတယ်။ ချန်ပီယံအဖြစ်လီဗာပူးလ်ကို သတ်မှတ်ပေးဖို့အတွက်လည်း လိဂ်ရဲ့ စည်းကမ်းချက်တွေထဲမှာ မပါဝင်ဘူးလို့ ပြောဆိုမှုတွေရှိခဲ့ပြီး ရာသီသစ်ကိုသာ ပုံမှန်အတိုင်းပြန်လည်စတင်ဖို့ တိုက်တွန်းတာတွေလည်း ရှိခဲ့ပါတယ်။

လီဗာပူးလ်ဟာ ဒုတိယနေရာက မန်စီးတီးအသင်းကို လက်ကျန်ကိုးပွဲအလိုမှာ ၂၅ မှတ်အထိ ဖြတ်တောက်ထားတာဖြစ်ပြီး လက်ကျန်ပွဲတွေထဲက ၂ ပွဲအနိုင်ရရုံနဲ့ ဆုဖလားရရှိတော့မှာလည်းဖြစ်ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်အတွက် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေကို ကျင်းပဖို့လည်း ရှိနေသေးတာဖြစ်လို့ ပြည်တွင်းလိဂ်ပွဲတွေကို မြန်မြန်ဆန်ဆန်အဆုံးသတ်စေချင်နေတာဖြစ်ပါတယ်။ 

ကစားခဲ့ပြီးတဲ့ ပွဲပေါင်း ၂၉ ပွဲမှာ လီဗာပူးလ်က ၂၇ ပွဲအထိအနိုင်ရရှိခဲ့ပြီး သရေတစ်ပွဲနဲ့ ရှုံးပွဲတစ်ပွဲတည်းသာရှိခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့သရေကျခဲ့ပြီး ဝက်ဖို့ဒ်ကို အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ UEFA ကတော့ ရာသီပြီးဆုံးအောင် မကစားနိုင်ခဲ့ပါက ကလပ်အသင်းတွေရဲ့ တစ်ပွဲချင်းစီရယူနိုင်တဲ့ ရမှတ်အပေါ်အခြေခံပြီး အဆင့်သတ်မှတ်ပေးနိုင်တယ်ဆိုတဲ့ အချက်တစ်ချက်ကိုလည်း အကြံပြုခဲ့တယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က