ပြီးဆုံးအောင်ကစားသွားဖို့ ပစ်မှတ်ထားထားတယ်လို့ ပြောခဲ့ပါသေးတယ်။

ဝက်စ်ဟမ်းအသင်းဒုဥက္ကဌအပါအဝင် ပရိသတ်အနည်းငယ်ကလည်း ရာသီဖျက်သိမ်းဖို့အတွက် ဆန္ဒပြုခဲ့ကြပြီး နာမည်ကျော်ကစားသမားဟောင်းအလန်ရှီးယားကလည်း ရာသီမပြီးဆုံးခဲ့ပါက ဆုဖလားမပေးသင့်ဘူးလို့ ဆိုခဲ့ပါတယ်။


ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ရှိဘောလုံးရာသီကို ဖျက်သိမ်းခဲ့ရမယ်ဆိုရင်တောင်မှ လီဗာပူးလ်အသင်းဟာ ဆုဖလားဆွတ်ခူးနိုင်ဖွယ်မရှိဘူးလို့ ဥရောပဘောလုံးအဖွဲ့ချုပ်ဥက္ကဌအလက်ဆန်ဒါဆာဖာရင်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။ Daily Mail ရဲ့ ဖော်ပြခဲ့မှုမှာ ပါဝင်ခဲ့တာဖြစ်ပြီး ဆာဖာရင်က လိဂ်ပွဲတွေကို ပြီးဆုံးအောင်ကစားဖို့ ရည်မှန်းထားတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ 

လက်ရှိမှာ ပရီးမီးယားလိဂ်ကို ဧပြီလ ၄ ရက်နေ့အထိ ရွှေ့ဆိုင်းထားပြီး လီဗာပူးလ်က ၂၅ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပါတယ်။ ဒါီအတွက်ကြောင့် ရာသီကုန်ဆုံးချိန်မှာ သူတို့က ချန်ပီယံဖြစ်ဖို့အတွက် ရာနှုန်းပြည့်နီးပါးသေချာနေပြီး ပွဲတွေထပ်မံမကစားနိုင်ခဲ့ရင် ဘယ်လိုအဆုံးသတ်ကြမလဲဆိုတာနဲ့ပတ်သက်ပြီး ၀ိ၀ါဒကွဲပြားမှုတွေ အများကြီးရှိနေခဲ့ပါတယ်။ 

တချို့ကတော့ လီဗာပူးလ်ဟာ ဆုဖလားရရှိဖို့ထိုက်တန်တယ်လို့ မှတ်ချက်ပြုခဲ့ကြပြီး နှစ်ပေါင်း ၃ဝအတွင်း ပထမဆုံးအကြိမ်ဆုဖလားရရှိရေးမျှော်လင့်ချက်ကို ပြည့်ဝစေချင်တယ်လို့ ဆိုခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းဒုဥက္ကဌအပါအဝင် ပရိသတ်အနည်းငယ်ကလည်း ရာသီဖျက်သိမ်းဖို့အတွက် ဆန္ဒပြုခဲ့ကြပြီး နာမည်ကျော်ကစားသမားဟောင်းအလန်ရှီးယားကလည်း ရာသီမပြီးဆုံးခဲ့ပါက ဆုဖလားမပေးသင့်ဘူးလို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့် ဆာဖာရင်က "လက်ရှိဘောလုံးရာသီကို ပြီးစီးဖို့ ဆုံးဖြတ်ပြီး လက်ရှိအမှတ်ပေးဇယားအဆင့်တစ်နေရာမှာ ရပ်တည်နေတဲ့ အသင်းကို ချန်ပီယံအဖြစ်သတ်မှတ်ပေးဖို့ ဥရောပဘောလုံးအဖွဲ့ချုပ်က အကြံပေးနေတယ်ဆိုတဲ့ သတင်းတုတွေကို ကျွန်တော်တွေ့နေ၊ ကြားနေရပါတယ်၊ ကျွန်တော်ပြောနိုင်တာကတော့ အဲဒါက မဟုတ်မှန်ဘူးဆိုတာပါပဲ"

"ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ရာသီပြီးဆုံးအောင်ကစားသွားဖို့ပါ၊ ဒါကြောင့် ဘောလုံးအဖွဲ့အစည်းတွေ ဒါမှမဟုတ် လိဂ်တွေကို ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုမှတ်ချက်ပြုမှုမျိုးကိုမှ ကျွန်တော်တို့ မလုပ်ခဲ့ပါဘူး" လို့ ပြောဆိုခဲ့ပါတယ်။ လက်ရှိဥရောပထိပ်တန်းလိဂ်တွေမှာတော့ လီဗာပူးလ်၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်၊ ဂျူဗင်တပ်စ် နဲ့ ဘာစီလိုနာတို့က ဦးဆောင်အသင်းတွေအဖြစ် ရှိနေကြပါတယ်။ 

Share

Loading Next Article...
က္က