ငွေပေးချေမှုတွေပြုလုပ်ခဲ့တယ်လို့တော့ ဝန်ခံထားတာဖြစ်ပါတယ်။

ယူအီးအက်ဖ်အေဟာ ဒိုင်လူကြီးကို လာဘ်ထိုးခဲ့တယ်လို့ စွပ်စွဲခြင်းခံထားရတဲ့ ဘာစီလိုနာအသင်းကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ အတည်ပြု ပြောကြားခဲ့ပြီး အပြစ်ရှိကြောင်းသာ တွေ့ရှိခဲ့ရင် ကတ်တလန်အသင်းကြီးအနေနဲ့ ချန်ပီယံလိဂ်ကနေ ဘမ်းခံရနိုင်တယ်လို့ သိရပါတယ်။

လာလီဂါထိပ်သီးအသင်းကြီးဟာ ကတ်တလန်တရားရုံးမှာ အကျင့်ပျက်ခြစားမှု၊ လုပ်ငန်းမှတ်တမ်းအမှားပြသမှုတို့နဲ့ တရားစွဲဆိုခြင်းခံခဲ့ရတာဖြစ်ပြီး အစိုးရရှေ့နေတွေဟာ ဘာစီလိုနာက စပိန်ဒိုင်လူကြီးကော်မတီဒုဥက္ကဌဟောင်းပိုင်ဆိုင်တဲ့ ကုမ္ပဏီကို ယူရို ၈.၄ သန်းပေးချေခဲ့တယ်လို့ စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။

 

ဘာစီလိုနာအသင်းကတော့ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ငြင်းပယ်ထားပေမယ့်လည်း ဟိုဆေး မာရီယာ အန်ဒရီကက်ဇ် နီဂရေရာနဲ့ ၎င်းရဲ့ ဒက်စ်နီလ် ၉၅ ကုမ္ပဏီကို ၂၀၀၁ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ငွေပေးချေမှုတွေပြုလုပ်ခဲ့တယ်လို့တော့ ဝန်ခံထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာအသင်းက အဲဒီကုမ္ပဏီကို နည်းပြအဖွဲ့တွေရဲ့ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ဖြည့်စွက်ပေးဖို့ ရည်ရွယ်ချက်နဲ့ ဒိုင်လူကြီးတွေရဲ့ အကြောင်း ဗီဒီယိုအစီရင်ခံချက်တွေကို စုစည်းပေးတဲ့ အတိုင်ပင်ခံအဖြစ်နဲ့သာ အခကြေးငွေ ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

အသက် ၇၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နီဂရေရာဟာ ၂၀၁၈ ခုနှစ်မှာ ဒုဥက္ကဌ ရာထူးကနေ နုတ်ထွက်ခဲ့တာဖြစ်ပေမယ့်လည်း အစိုးရရှေ့နေတွေကတော့ အဲဒီလို ပြောဆိုခဲ့တာမဟုတ်တာကြောင့် ဥရောပဘောလုံးအဖွဲ့အစည်းက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က