နိုင်ငံတကာ eSport ပွဲကိုပါ စေလွှတ်သွားမှာပါ

     ပြည်တွင်းက ဂိမ်းကစားသူတွေအကြားမှာ ရေပန်းစားနေတဲ့ Mobile Legends ဂိမ်းပြိုင်ပွဲ ဒုတိယ Season ကို မကြာခင်မှာ ကျင်းပသွားတော့မှာပါ။

         Mobile Legends: Bang Bang Professional League (MPL) ပြိုင်ပွဲကို ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလထဲမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့တာ ဖြစ်ပြီး မြန်မာ့ ပထမဆုံး Esports စင်တာတစ်ခုဖြစ်တဲ့ HOG E-Sports စင်တာနဲ့Mobile Legend: Bang Bang ဂိမ်းကုမ္ပဏီ Moonton တို့ပူးပေါင်းပြီး ဆုကြေး ဒေါ်လာ ၃ သောင်းတန် ပြိုင်ပွဲအဖြစ် စတင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Photo: Mobile Legends: Bang Bang - MM Facebook

         MPL-Myanmar Season (2) အဖြစ် ဒုတိယအကြိမ် ကျင်းပမယ့် ပွဲမှာ ဆုကြေးတွေ တိုးမြှင့်လိုက်တာ ဖြစ်ပြီး Moonton နဲ့အတူ မြန်မာနိုင်ငံမှ HOG E-Sports စင်တာနဲ့မလေးရှား e-Sports ရုပ်သံလိုင်း eGG Network တို့ပူပေါင်းကျင်းပသွားမယ်လို့ဆိုပါတယ်။ Season 2 ကနေ အနိုင်ရရှိတဲ့ ထိပ်ဆုံး အသင်း ၂ သင်းကို အရှေ့တောင်အာရှမှာ ကျင်းပသွားမယ့် နိုင်ငံတကာ eSports ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့Direct Invite ရမှာ ဖြစ်ပါတယ်။

         ဒုတိယအကြိမ် MPL -Myanmar Season 2 ကို ယခင်ပြိုင်ပွဲပုံစံအတိုင်း အွန်လိုင်းလက်ရည်စစ်ပွဲစဉ်များ ၊ ပုံမှန်ပတ်လည်အမှတ်ပေး ပွဲစဉ်များနဲ့နောက်ဆုံး Grand final ဗိုလ်ဆုပွဲစဉ်များဆိုပြီး ၃ ဆင့်ကျင်းပသွားမှာပါ။

         Qualifier အဆင့်အတွက် ပထမအဆင့်ကို အွန်လိုင်းကနေ ဖေဖော်ဝါရီ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ ကျင်းပပြီး အကောင်းဆုံး ၃ သင်းရွေးသွားမှာ ဖြစ်ပြီး ဒုတိယလက်ရည်စစ်ပွဲစဉ်ကို မတ်လ ၁ ရက်ကနေ ၃ ရက်အထိ ပြုလုပ်ပြီး အကောင်းဆုံး ၂ သင်း ၊ စုစုပေါင်း ၅ သင်းရွေးကာ တစ်သင်းကို ဒေါ်လာ ၁၀၀ စီပေးသွားမယ်လို့ဆိုပါတယ်။

         ပုံမှန်ရာသီခွင်ပတ်လည်အမှတ်ပေးပွဲစဉ်တွေကိုတော့ မတ်လ ၂၈ ရက်ကနေဧပြီ ၂၈ ရက်နေ့အထိ အပတ်စဉ် သောကြာ ၊ စနေ ၊ တနင်္ဂနွေနေ့တွေမှာ လေးပတ်တိုင် ကျင်းပသွားမှာပါ။ ဒီအဆင့်မှာတော့ ပထမရာသီ MPL-Myanmar Season 1 ရဲ့ အကောင်းဆုံး ၃ သင်းကို တိုက်ရိုက်ဖိတ်ကြားပြီး အသင်း ၈ သင်း ပတ်လည် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Photo: Duwun Tech

         ဒီပွဲမှာ ဆုကြေး စုစုပေါင်း ဒေါ်လာ ၁၈၀၀၀ ပေးမှာဖြစ်ပြီး အမှတ်အများဆုံး ရတဲ့ ၆ သင်းက playoff ဝင်မှာဖြစ်ပြီး ကျန် ၂ သင်းက ပြိုင်ပွဲက ထွက်သွားရမှာပါ။ပတ်လည်ပွဲစဉ်မှာ အကောင်းဆုံး ကစားသမားဆု MVP Player အတွက် ဒေါ်လာ ၁၅၀ ၊ ဖိုင်နယ် playoff မှ အကောင်းဆုံး ကစားသမားဆု MVP player ကို ဒေါ်လာ ၁၅၀ လည်း ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

         Grand Final ဗိုလ်လုပွဲအဆင့်မှာ ပထမဆု ဒေါ်လာ ၁၁၀၀၀ ၊ ဒုတိယဆု ဒေါ်လာ ၅၀၀၀ ၊ တတိယဆု ဒေါ်လာ ၃၀၀၀ ၊ စတုတ္ထဆု ဒေါ်လာ ၁၀၀၀ နဲ့နောက်ဆုံး ၂ သင်းကို ဒေါ်လာ ၆၀၀ စီ စုစုပေါင်း ဆုကြေး ဒေါ်လာ ၂၁၂၀၀ ပေးအပ်ချီးမြှင့်သွားမယ်လို့ဆိုပါတယ်။ ပွဲစဉ်တစ်လျှောက် ယှဉ်ပြိုင်မှုများကိုလည်း Facebook Gaming ကနေ တိုက်ရိုက်ကြည့်ရှုအားပေးနိုင်မှာပါ။

         Mobile Legends ဟာ မြန်မာနိုင်ငံရဲ့ လူကြိုက်အများဆုံး မိုဘိုင်းလ်ဂိမ်းတွေထဲမှာ ပါနေပြီး လစဉ်ကစားသူ ၂ သန်းကျော် ရှိနေတယ်လို့Moonton ရဲ့ eSports မန်နေဂျာဖြစ်သူ Jaydan က ဆိုပါတယ်။ 

Share

Loading Next Article...
က္က