၂ ရာခိုင်နှုန်းလောက်လျော့နည်းသွားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေတွေမှာ မီဒီယာတွေရဲ့ တစ်ဖက်စောင်းနင်း သတင်းဖော်ပြမှုနဲ့ ချဲ့ကားမှုတွေ ကြောင့် ပြည်တွင်းကို ခရီးသွားဧည့်သည်လျော့နည်းခဲ့ပြီး အခုနှစ် ဇူလိုင်လအထိ ဥရောပနဲ့ သြစတြေးလျဒေသက ခရီးသွားဝင်ရောက်မှု ၂ ရာခိုင်နှုန်းလျော့နည်းသွားခဲ့တယ်လို့ ဒုသမ္မတဦးဟင်နရီဗန်ထူးယူက ပြောကြားလိုက်ပါတယ်။



 

cnn.jpg

Photo - CNN

 

စက်တင်ဘာ ၂၇ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ၂၀၁၈ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားမှာ အဖွင့်အမှာစကားပြောကြားစဉ် အခုလို ပြောကြားလိုက်တာပါ။ ဒါကြောင့် အနောက်နိုင်ငံတွေကို ပကတိသတင်းမှန်ဖြန့်ချိဖို့လိုအပ်ပြီး ခရီးသွားလုပ်ငန်းကို ထိခိုက်နိုင်တဲ့ အခြေအနေဖြစ်လာတဲ့အခါ ချက်ချင်းတုံ့ပြန်နိုင်တဲ့ အစီအမံတွေကို ဆောင်ရွက်ထားဖို့လိုအပ်နေပြီး အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍပူးပေါင်းပြီး နည်းဗျူဟာချမှတ်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ဒုသမ္မတက ပြောလိုက်ပါတယ်။

အစိုးရအနေနဲ့လည်း ဈေးကွက်အလားအလာကောင်းတဲ့ အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ခရီးသွားဝင်ရောက်မှု ပြန်လည်တိုးတက်ဖို့ အာဆီယံ+3 နိုင်ငံတွေမှာ ပြည်ဝင်ဗီဇာဖြေလျှောပေးဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနဲ့တွေ ညှှိုှုနှိုင်းဆောင်ရွက်နေပြီး ခရီးသွားဝင်ရောက်မှုရှိနိုင်တဲ့ အနောက်နိုင်ငံတွေကို ဗီဇာဖြေလျော့ပေးဖို့ စဉ်းစားဖို့ လိုအပ်နေပြီလို့ ဆိုပါတယ်။

ခရီးစဉ်သွားတွေ ပိုမိုလာရောက်လည်ပတ်ဖို့ ဒေသအသီးသီးမှာ အဆင်ပြေသွားလာနိုင်အောင် ဆောင်ရွက်ပေးမှု၊ ဝင်ထွက်မှုဆိုင်ရာ စည်းကမ်းကန့်သတ်ချက်တွေကို ဖြေလျှော့ပေးမှု၊ တိုင်းနဲ့ ပြည်နယ်အလိုက် ခရီးသွားထုတ်ကုန်တွေမြှင့်တင်ပြီး လည်ပတ်နိုင်အောင်ဆောင်ရွက်မှု၊လူထုအခြေပြုခရီးသွားလုပ်ငန်းတွေ ဖွံဇြိုးတိုးတက်စေမှု၊ ခရီးစဉ်ဒေသအသစ်တွေ ဖော်ထုတ်မှုတို့ကို တိုင်းနဲ့ ပြည်နယ်အစိုးရတွေ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း ဒုသမ္မတက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသည်ရောက်ရှိမှုက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အရင်နှစ်က ထက် ၆ရာခိုင်နှုန်း ရှိခဲ့ပြီး အရှေ့တောင်အာရှမှာ ၁၀ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ခန့်မှန်းထားကြောင်း၊ ၂၀၂၀ခုနှစ်မှာ တစ်ကမ္ဘာလုံးမှာ ခရီးသွား လာသူပေါင်း(၁ဒသမ၆)ဘီလီယံခန့်ရှိလာပြီး အရှေ့တောင် အာရှနိုင်ငံတွေကို (၁၂၃)သန်းခန့် လာရောက်မယ်လို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က