အဖျော်ယမကာတွေလည်းရောင်းမှာပါ။

ရန်ကုန်ရဲ့ ခရီးသွားကဏ္ဍဖွံဖြိုးတိုးတက်ဖို့ ရည်ရွယ်ပြီး နိုင်ငံခြားသားတွေကို ဆွဲဆောင်မယ့် ပန်းဆိုးတန်း Weekend ညဈေးကို မေလ ၄ ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မယ်လို့ အဆိုပါ ညဈေးတန်းကို ဦးဆောင် ပြုလုပ်တဲ့ Golden Market Myanmar ကုမ္ပဏီလီမိတက်ရဲ့ ဒါရိုက်တာ မမေမြတ်အောင်က ပြောပါတယ်။


အဆိုပါ ညဈေး ဖွင့်လှစ်ရခြင်း သတင်းစာရှင်းလင်းပွဲကို ဧပြီလ ၅ ရက်က ရန်ကုန်မြို့ Sky Star Hotel မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပန်းဆိုးတန်း စနေ၊တနင်္ဂနွေဈေးကို မနက်ပိုင်းတစ်ချိန်၊ ညပိုင်းတစ်ချိန် ရောင်းချသွားဖို့စီစဉ်ထားပြီး ပန်းဆိုးတန်းလမ်းမကြီးတစ်လျှောက်၊ ဘဏ်လမ်းတစ်လျှောက်မှာ L ပုံစံလမ်းမှာ ဖွင့်လှစ်သွားမယ်လု့ိ သိရပါတယ်။



“တိုင်းအစိုးရကနေ ပန်းဆိုးတန်းမှာ ညဈေးလုပ်မယ်ဆိုပြီးတော့ တင်ဒါခေါ်ခဲ့တော့ ကျွန်မတို့ သွားလျှောက်တာ အောင်မြင်ခဲ့တာပါ။ အဓိကက ပန်းဆိုးတန်းမှာ နိုင်ငံခြားသားတွေလည်း များတယ်။ ဟိုတယ်ခရီးဌာနကလည်း အဲဒီနေရာကို ခရီးသွားကဏ္ဍအတွက် မြှင့်တင်ချင်တယ်။ မေလ ပထမဆုံးအပတ် စနေ၊ တနင်္ဂနွေစဖွင့်ပါမယ်” လို့ မမေမြတ်အောင်က ပြောပါတယ်။

အဆိုပါ စနေ၊တနင်္ဂနွေဈေးတန်းမှာ မြန်မာ့တိုင်းရင်းသားရိုးရာအစားအစာတွေကို အဓိကထားရောင်းချသွားမှာဖြစ်သလို မြန်မာ့ရိုးရာ၊ တိုင်းရင်းသားတွေ လက်မှုပစ္စည်းဆိုင်တွေအပါအဝင် ဈေးဆိုင်ခန်းပေါင်း ၇၀ ကျော်ခန့် ပါဝင်သွားမယ်လို့လည်း သိရပါတယ်။ အဆိုပါ ညဈေးတန်းရဲ့ အစားအသောက်ဆိုင်တွေကို သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေအဖြစ် အဓိကထား ရောင်းချသွားမှာလည်း ဖြစ်ပါတယ်။

ညဈေးတန်းကို ရန်ကုန်တိုင်းအစိုးရဆီကနေ တစ်နှစ်စီမံကိန်းအဖြစိ အရင်ဆုံးလုပ်ဆောင်တာဖြစ်ပြီး စည်ပင်သာယာကိစ္စတွေကိုတော့ တိုင်းအစိုးရကနေ ဦးစီးလုပ်ဆောင်မှာမယ်လို့ ဆိုပါတယ်။ ဒီညဈေးတန်းဟာ နိုင်ငံခြားသားတွေကို ဆွဲဆောင်မယ့် ညဈေးတန်းဖြစ်တာကြောင့် တိုင်းအစိုးရရဲ့ ခွင့်ပြုချက်နဲ့ အဖျော်ယမာကာဆိုင် ၁၀ ရာခိုင်နှုန်းခန့် ပါဝင်သွားမယ်လို့လည်း သိရပါတယ်။

မေလ တစ်လဖွင့်လှစ်ပြီးပါက မိုးတွင်းကာလမှာ ခေတ္တရပ်နားထားမှာဖြစ်ပြီး ပွင့်လင်းရာသီရောက်ချိန်မှာ ပြန်လည် ဖွင့်လှစ်သွားမယ်လု့ိ ဆိုပါတယ်။ လာရောက်စားသုံးတဲ့သူတွေ အဆင်ပြေမှုရှိအောင် ကားပါကင်တွေ စီစဉ်ပေးထားမှာဖြစ်ပြီး နိုင်ငံခြားသား ခရီးသွားဧည့်သည့်အတွက် ခရီးသွားယာဉ်တွေ ရပ်နားနိုင်ရန်လည်း စီစဉ်ထားတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က