ဧပြီလ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ အစိုးရရဲ့ အစည်းအဝေးအပြီးမှာ ထိုင်းဝန်ကြီးချုပ် ပရာယုက သူ့အနေနဲ့ ဒီကိစ္စကို ကိုင်တွင်ဖြေရှင်းနိုင်ဖို့ အိမ်နီးချင်းနိုင်ငံတွေဆီကို အကူအညီတောင်းခံပြီးဖြစ်တယ်လို့ပြောဆိုခဲ့တာပါ။
မြေပြင်မှာတော့ ထိုင်းတာဝန်ရှိသူတွေနဲ့ မြန်မာဖက်က တာဝန်ရှိသူတွေဟာ ပူးပေါင်းမှုစတင်နေပြီး မီးသတ်ပစ္စည်းငှားပေးတာတွေ လည်း လုပ်ဆောင်ဖို့ရှိတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
Photo - Bangkok Post
ချင်းမိုင်တက္ကသိုလ်ရဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာစင်တာရဲ့ အကြီးအကဲဖြစ်တဲ့ တွဲဖက်ပါမောက္ခ ဆတ်ဆမ်ပတ်တက္ကူကတော့ မြောက်ပိုင်းဟာ မီးတွေငြိမ်းသွားတဲ့အထိ ဒါမှမဟုတ် မိုးရာသီရောက်တဲ့အထိ စောင့်ရလိမ့်မယ်လို့ ဆိုပါတယ်။
ဂြိုလ်တုပုံရိပ်တွေအရ ထိုင်းတောင်ပိုင်းမှာ မီးလောင်တဲ့နေရာ ၁၁၅၁နေရာရှိပါတယ်။ အထူးသဖြင့် တောအုပ်တွေထဲမှာပါ။ မယ်ဆောင်ဆွန်မှာ ၄၀၇ နေရာ၊ ချင်းမိုင်မှာ ၁၉၃ နေရာ၊ လမ်ပန်မှာ ၁၀၉နေရာ နဲ့ နန်မှာ ၁၀၆ နေရာ မီးလောင်ကျွမ်းခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဘက်အခြမ်းမှာ ၁၂၄၂၂ နေရာမီးလောင်ကျွမ်းနေပြီး လာအိုဘက်မှာ ၂၉၃၈ နေရာ မီးလောင်ကျွမ်းခဲ့ပါတယ်။