ထိုင်းမှာ နံပါတ် ၁ ဖြစ်လာပါတယ်

     အရှေ့တောင်အာရှ စမတ်ဖုန်းဈေးကွက်ကတော့ တရုတ်စမတ်ဖုန်းကုမ္ပဏီတွေအတွက်လို့တောင် ပြောနိုင်ပါတယ်။



         Canalys ကနေ ထုတ်ပြန်တဲ့ ၂၀၁၈ စတုတ္ထသုံးလပတ် ဈေးကွက်စစ်တမ်းမှာ OPPO ဟာ ထိုင်းနိုင်ငံရဲ့အကြီးဆုံး စမတ်ဖုန်းဈေးကွက် ဝေစုရထားတဲ့ ကုမ္ပဏီလို့ဖော်ပြထားပါတယ်။ ၂၀၁၈ နောက်ဆုံးသုံးလပတ်အတွက် ထိုင်းနိုင်ငံမှ ရောင်းအားအကောင်းဆုံး ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီ ၅ ခု စာရင်းမှာ တရုတ်စမတ်ဖုန်းကုမ္ပဏီတွေ ဖြစ်တဲ့ OPPO ၊ Huawei နဲ့Vivo တို့ဟာ အတက်ပြနေပြီး Samsung နဲ့Appleတို့ကတော့ အကျဘက်ကို ရောက်နေတာ တွေ့ရပါတယ်။

Photo: Canalys

         စမတ်ဖုန်းရောင်းအားအနေနဲ့ထိုင်းနိုင်ငံအတွင်း စမတ်ဖုန်းရောင်းအားဟာ ပြီးခဲ့တဲ့နှစ်ကထက် ၁၃.၆% ကျဆင်းသွားပြီး နောက်ဆုံး ၃ လအတွင်း စမတ်ဖုန်းပေါင်း ၄.၉ သန်း ရောင်းထွက်ခဲ့တာပါ။ နံပါတ်တစ်ရောင်းအားအကောင်းဆုံး ဖုန်း brand ဖြစ်တဲ့ OPPO ဟာ ဈေးကွက်ဝေစု ၂၂.၂% ၊ Samsung ကတော့ ၂၁.၁% ရရှိခဲ့ပြီး နှစ်အလိုက် တိုးတက်မှုအညွှန်းကိန်းမှာ OPPO ဟာ ၆၉.၈% တက်ခဲ့ပြီး Samsung ကတော့ ၃၆.၁% ကျဆင်းခဲ့တာလည်း ဖြစ်ပါတယ်။         

         ထိုင်းနိုင်ငံရဲ့ ထိပ်တန်း ဖုန်း ၅ မျိုးမှာ Huawei က နှစ်အလိုက်တိုးတက်မှု အများဆုံးဖြစ်ပြီး ၂၀၁၈ နောက်ဆုံး ၃ လပတ်မှာ ၇၃.၄% အထိ တက်လာခဲ့တာပါ။ Apple ကတော့ နောက်ဆုံးသုံးလပတ် တိုးတက်မှုမှာ ၅၂.၂% နဲ့အနိမ့်ဆုံး ဖြစ်ခဲ့ပါတယ်။ ဒီစစ်တမ်းအရ တရုတ်စမတ်ဖုန်းကုမ္ပဏီတွေဟာ ထိုင်းဈေးကွက်ကို ကြီးစိုးနေတယ်လို့ဆိုနိုင်ပါတယ်။

Photo: yugatech

         ထိုင်းမှာ ဈေးကွက်ဝေစုအများဆုံး ရလာတဲ့ OPPO ဟာ ၂၀၁၈ စတုတ္ထသုံးလပတ်အတွင်း စမတ်ဖုန်းအလုံးရေ ၁.၁ သန်းနီးပါး ရောင်းချနိုုင်ခဲ့ပါတယ်။ ဒီဈေးကွက်မှာ ရောင်းထွက်ခဲ့တဲ့ OPPO ဖုန်းတွေထဲက ၃ ပုံ ၂ ပုံဟာ OPPO A3 ၊ OPPO F7 နဲ့F9 တို့ဖြစ်တယ်လို့Canalys က ဖော်ပြထားပါတယ်။ တတိယရောင်းအားအမြင့်ဆုံး ဖြစ်ခဲ့တဲ့ Huawei ကတော့ ဒီကာလအတွင်း စမတ်ဖုန်းပေါင်း ၆၄၅၀၀၀ ရောင်းချနိုင်ခဲ့ပြီး အများဆုံး ရောင်းထွက်ခဲ့တဲ့ ဖုန်းတွေကတော့ Huawei ရဲ့ တန်ဖိုးသင့်နဲ့တန်ဖိုးနည်း မော်ဒယ် Y series နဲ့Nova 3 တို့ဖြစ်နေပါတယ်။

         လက်ရှိမှာ ထိုင်းဈေးကွက်အတွင်း စမတ်ဖုန်းရောင်းအားကျဆင်းနေပေမယ့် ၂၀၁၉ အထွေထွေရွေးကောက်ပွဲအလွန်ကာလကစပြီး အရင်ကထက် ၄.၁% ရောင်းအားတက်လာမယ်လို့လည်း Canalys က ခန့်မှန်းထားပါတယ်။

      


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က