အကယ်ဒမီပေးပွဲကနေ ပြန်လာတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာတဲ့ ယာဉ်တန်းနဲ့အပြိုင် မောင်းနှင်လာတဲ့ ကားတစ်စီးက ယာဉ်တန်းကိုတိုက်မိမှု ဖြစ်ပွားခဲ့ပါတယ်။
Credit – Nay Thway
ဒီနေ့ မတ်လ ၂၃ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ယာဉ်တန်းဟာ အပြန်လမ်းမှာ မောင်းနှစ်လာစဉ် ကားတစ်စီးက ဝင်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
"ကျွန်တော်တို့ ခေါ်မေးနေတာပါ။ အရေးယူတာက ယူမှာပါ။ သူကလည်း ယာဉ်တန်းရယ်လို့ မသိပါဘူး ချိုးကွေ့လိုက်တဲ့အခါမှာ ရဲကားကိုဝင်တိုက်မိတာပါ" လို့ တာဝန်ကျ ယာဉ်ထိန်းရဲက မီဒီယာတွေကိုပြောပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ပြုလုပ်တဲ့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲကိုတက်ရောက်ပြီး မိန့်ခွန်းပြောခဲ့ပါတယ်။ အဲ့ဒီပွဲကအပြန် ယာဉ်တန်းကို ကားတစ်စီးဝင်တိုက်ခဲ့တာဖြစ်ပါတယ်။ ဖြစ်စဉ်ကိုတော့ နယ်မြေခံရဲတွေနဲ့ တာဝန်ကျ ရဲတွေက စစ်ဆေးမှုနေပြီး အရေးယူမှုပြုလုပ်နေတယ်လို့ သိရပါတယ်။