21 ယာဉ်လိုင်းနှစ်စီးမှာ စမ်းသပ်နေပါတယ်။

YBS ၂၁ ယာဉ်လိုင်းတွေမှာယာဉ်စီးခ ပြေစာနဲ့ စတင်အသုံးပြုဖို့ လုပ်ဆောင်တော့မှာဖြစ်တယ်လို့ အဲ့ဒီယာဉ်လိုင်းပိုင်ရှင် ဖြစ်သူ ကိုတရုတ်လေးက ဓူဝံကို စက်တင်ဘာ ၂ ရက်နေ့က အတည်ပြုပြောကြားပါတယ်။


 

21617608_811947658984770_5035819622653532763_n.jpg 

“ရှေ့လထဲမှာ ခရီးသွားတွေရဲ့လူဦးရေအချက်အလက် ဒေတာတွေကောက်ဖို့ရှိတယ်။ ကောက်ပြီးသွားရင် နောက်လထဲမှာ YRTA ကိုတင်ပြပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်သွားဖို့ရှိတယ်” လို့ သူကပြောပါတယ်။ ၏

အဲ့ဒီစနစ်ကို  ယာဉ်စီးတဲ့အခါမှာ ကားခအပြည့်မထည့်တာ၊ပိုက်ဆံအစုတ်တွေထည့်တာတွေကလည်း ကာကွယ်ပြီးသားဖြစ်မယ်လို့ သူက ပြောပါတယ်။

ယာဉ်လိုင်းတွေမှာ ယာဉ်စီးခပြေစာထုတ်ပေးတဲ့စက်တွေကိုလည်း တပ်ဆင်မှာဖြစ်ပြီးတော့ လာမယ့် စက်တင်ဘာလမှာ အချက်အလက်တွေကို ကောက်ခံမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြေစာထုတ်ပေးတာတွေကို သိမ်းထားရမှာဖြစ်ပြီး စစ်ဆေးဖို့အတွက် လက်မှတ်စစ်တွေထားရှိမယ်လို့လည်းပြောပါတယ်။လက်မှတ်စစ်တွေက လမ်းကြောင်းတွေမှာ လိုက်စစ်ဆေးတာတွေကို လုပ်မယ်လို့လည်း ပြောပါတယ်။

လက်ရှိမှာ ၂၁ ယာဉ်လိုင်း နှစ်စီးမှာတော့ ပြေစာထုတ်တဲ့စက်တွေတပ်ဆင်ထားတယ်လို့ သိရပါတယ်။ဒါ့အပြင် ခရီးသွားတွေရဲ့ အချက်အလက်တွေကို ကောက်ခံသွးမှာဖြစ်တယ်လို့ သိရပါတယ်။

၂၁ ယာဉ်လိုင်းကို အစီးရေ ၉၃ စီးနဲ့ အနောက်ပိုင်းတက္ကသိုလ်က်နေ မော်တင်အထိပြေးဆွဲနေတာဖြစ်ပြီး အမျိုးသမီးယာဉ်မောင်း ၅ ဦးခန့်အပ်ထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က