‘’Medusa’’ သီချင်းအသစ် ထွက်ရှိလာတဲ့ ဆိုဖီယာကို တင်ဇာမော်က ချီးကျူးစကားပြောခဲ့ပါတယ်။ ဒီသီချင်းအသစ်ကို ၅ နာရီအတွင်း အားပေးကြည့်ရှုသူ ပရိသတ်ပေါင်း (၁၃၀၀၀)ကျော်ရှိခဲ့ပါတယ်။
Photo: တင်ဇာမော်
အဆိုတော် တင်ဇာမော်က ဆိုဖီယာရဲ့ ‘’Medusa’’ Music Video ဖန်တီးထားမှုအပေါ် ချီးကျူးစကား ပြောပြထားတာကို တွေ့ရပါတယ်။ ဒီသီချင်းကလည်း တင်ဇာမော်ရဲ့ ရင်ထဲရောက်တယ်လို့ ဆိုပါတယ်။
‘’သူ့အသံ သူ့ဆိုဟန် နဲ့သူဆိုရမယ့်သီချင်းကို ရွေးချယ်၊ သီဆို ထုတ်လုပ်နိုင်ခြင်းက ကြီးမားသော အရည်အချင်း ဂုဏ်ယူတယ် ညီမလေး။ ဒီ သီချင်းက အစ်မ နားထဲရော ရင်ထဲရော ထိတယ်။’’ ဆိုပြီးတော့ ဆိုဖီယာ ရဲ့ ‘’Medusa’’ Music Video ကို Share ရင်း ဇန်နဝါရီလ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၈ မိနစ်က ပြောခဲ့တာပါ။
Photo: ဆိုဖီယာ
တင်ဇာမော်ရဲ့ အားပေးချီးကျူးမှုကို ရရှိထားတဲ့ ဆိုဖီယာရဲ့ ‘’Medusa’’ Music Video ဟာ ပရိသတ်ကို မိတ်ဆက်ပေးလိုက်တဲ့ ၅ နာရီအတွင်းမှာ အားပေးကြည့်ရှုသူ ပရိသတ်ပေါင်း ၁၃၀၀၀ ကျော်ရှိခဲ့ပါတယ်။ ဒီသီချင်းကိုတော့ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက် ၉ နာရီ ၁၄ မိနစ်က ဆိုဖီယာရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ခဲ့တာဖြစ်ပါတယ်။
Photo: တင်ဇာမော်
တင်ဇာမော်က လက်ရှိမှာ Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးရဲ့ အကဲဖြတ်ဒိုင်လူကြီးတစ်ယောက်အဖြစ် တာဝန်ယူဆောင်ရွက်ပေးခဲ့ပါသေးတယ်။ အဲ့ဒီနောက် ဂီတနဲ့ပတ်သက်ပြီး Seven Concert လို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကြီးကိုလည်း ၂၀၁၇ ခုနှစ်အတွင်းမှာ ကျင်းပခဲ့ပါသေးတယ်။
Photo: ဆိုဖီယာ
တင်ဇာမော်ဟာ ဂီတအလုပ်တွေ လုပ်စရာရှိတဲ့အချိန်မှသာ မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပါတယ်။ လက်ရှိမှာတော့ မိသားစုတွေရှိတဲ့ အမေရိကားမှာ နေထိုင်တာဖြစ်ပါတယ်။ တင်ဇာမော်က သူမရဲ့ ချစ်ရတဲ့ခင်ပွန်း မိုက်ကယ်အောင်နဲ့အတူ ချစ်စရာကောင်းတဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်သက်တမ်းကတော့ ၂၀၁၈ ခုနှစ် မေလ ၅ ရက်နေ့က ၁၁ နှစ်ပြည့်ခဲ့ပြီလို့လည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြခဲ့ပါတယ်။