ကြိုတင်ကာကွယ်မှုတွေနဲ့ အထောက်အပံတွေစီစဉ်ဖို့လည်းပြောထားတယ်လို့ဆိုပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုံး Fani နဲ့ပတ်သက်ပြီး မုန်တိုင်းသက်ရောက်နိုင်တဲ့ နေရာတွေမှာ ဖြစ်လာနိုင်တဲ့ သက်ရောက်မှုတိုင်းအတွက် ကြိုတင်ပြင်ဆင်ကြဖို့နဲ့ အစိုးရအကူအညီတွေ အသင်ပြင်ထားဖို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောလိုက်ပါတယ်။

Photo - Twitter/PIB_India

ဆိုင်ကလုံး Fani ဟာ အလွန်အားကောင်တဲ့ မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ပြီး အိန္ဒိယနိုင်ငံ ဗီဆာခါပတ်နမ်မြို့အနီးမှ ဖြတ်ကျော်သွားနိုင်ခြေရှိပါတယ်။ မုန်တိုင်းဖြတ်ကျော်ချိန်မှာ လေတိုက်နှုန်းဟာ တစ်နာရီကို ကီလိုမီတာ ၁၀၀ ဝန်းကျင်နဲ့ တိုက်ခတ်နိုင်ပါတယ်။



ဝန်ကြီးချုပ် မိုဒီက "ဆိုင်ကလုံး ဖန်နီနဲ့ပတ်သက်လို့ အစိုးရအဖွဲ့ကိုမှာကြားပြီး ဖြစ်ပါတယ်။ ဖြစ်နိုင်သမျှ ကြိုတင်ကာကွယ်မှုတွေနဲ့ အထောက်အပံတွေစီစဉ်ဖို့လည်း ပြောထာပါတယ်။ မုန်တိုင်းသက်ရောက်ဒေသတွေအတွက် ပြင်ဆင်ထားပါတယ်။ အားလုံး အဆင်ပြေပြေနဲ့ လုံခြုံစိတ်ချမှုရှိနေဖို့ ဆုတောင်းလျက်ပါ"လို့ သူ့ရဲ့ တွစ်တာမှာ ရေးသားထားပါတယ်။

မြန်မာစံတော်ချိန် မနက် ၆ နာရီတိုင်းထွာချက်တွေအရတော့ ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းနှင့် အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာမှာဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း"ဖန်နီ"ဟာ အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး၊ သီရိလင်္ကာ နိုင်ငံ၊ ထရင်ကိုမာလီမြို့ရဲ့အရှေ့ဘက် မိုင် (၃၄၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ရဲ့ အရှေ့ တောင်ဘက် မိုင်(၄၈၀)ခန့်၊ မာချီလီပတ္တနမ်မြို့ (Machilipatnam)ရဲ့ အရှေ့တောင်ဘက် မိုင်(၅၇၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။

မုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းရပြီး မုန်တိုင်းအရှိန်ကြောင့် ၃၆ နာရီအတွင်း ရန်ကုန်၊ တနင်္သာရီနဲ့၊ ရခိုင်ကမ်းရိုးတန်းတွေမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန့်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က