တစ်နေ့ ၅ နာရီပဲ အိပ်ရတယ်။

ပြေတီဦးတစ်ယောက် ရိုက်ကွင်းပေါ်မှာ ပင်ပင်ပန်းပန်း ကြိုးစားရိုက်ကူးနေရတဲ့ အကြောင်းတွေကို ရင်ဖွင့်ပြောပြခဲ့ပါတယ်။ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း ပိုပြီးကြည့်ကောင်းလာတယ်နော် ဆိုပြီးတော့လည်း ပရိသတ်တွေကို မေးခဲ့ပါတယ်။



Photo: ပြေတီဦးဖေ့စ်ဘွတ်

 

သရုပ်ဆောင်ပြေတီဦးဟာ ဒါရိုက်တာ ကိုပေါက်နဲ့ ဘန်ကောက်မှာ Lady Boy ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတာဖြစ်ပါတယ်။ စရောက် ကတည်းက ရိုက်ကူးရေးတွေ နေ့မနား ညမအား လုပ်နေရတာဖြစ်တဲ့အတွက် ပင်ပန်းနေပြီ ဆိုတာကို သူကိုယ်တိုင် ရင်ဖွင့်ပြောပြ လာပါတယ်။

'' ကျွန်တော် ဒီနေ့လည်း ဒီအချိန်ထိ  အလုပ်လုပ်နေရတုန်းပါပဲ။ ဒါရိုက်တာကိုပေါက်ရဲ့ နှိပ်စက်မှုတွေနဲ့အတူ တစ်ရက်ကို ၅ နာရီလောက်ပဲ အိပ်ပြီးတော့ နေ့ ည၊ နေ့ ည ဆက်တိုက် နှိပ်စက်ပါတယ်'' ဆိုပြီးတော့ ပြေတီဦးက စက်တင်ဘာလ ၁၃ ရက်နေ့ ည ၁၀ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ် ပေါ်မှာ Live လွှင့်ရင်းနဲ့ ပြောပြခဲ့တာဖြစ်ပါတယ်။

Photo: ပြေတီဦးဖေ့စ်ဘွတ်

 

ပြေတီဦးရဲ့ Facebook Live မှာတော့ ဒါရိုက်တာ ကိုပေါက်၊ သရုပ်ဆောင်ခင်လှိုင်၊ ပြေတီဦးတို့အပြင် တခြား စက်အဖွဲ့သားတွေလည်း ပါဝင် ခဲ့ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပျော်ပျော်ရ့ွှင်ရွှင် စကြ နောက်ကြရင်းနဲ့ ရိုက်ကွင်းရဲ့ တစ်ညတာ အားလပ်ချိန်လေး ခဏမှာ Live လွှင့် ခဲ့တာလု့ိ သိရပါတယ်။

'' ကျွန်တော်တို့တွေက အခုချိန်ထိ အသက်ကို မှန်မှန်ရှုပြီးတော့ ကြိုးစားရိုက်ကူးနေကြပါတယ်။ နေ့တိုင်း ဒီလိုပါပဲ အိပ်ရေးတွေလည်း မဝ တော့ ပါဘူး။ ဘန်ကောက်ကို ရောက်ကတည်းက မနက် ၆ နာရီကတည်းက အလုပ်စလုပ်တယ်။ ညဆို ၁၁ နာရီမှ ပြီးတယ်။ ဒီလောက် ပင်ပန်းတာတောင် လူက ပိုပိုပြီးကြည့်ကောင်းနေတယ်'' လို့လည်း ရယ်ရယ်မောမော ပြောပြခဲ့ပါတယ်။

သမီးနဲ့ သားအကြောင်းတွေကို ရွှန်းရွှန်းဝေအောင် ပြောလာတဲ့ ပြေတီဦး 

Photo: ပြေတီဦးဖေ့စ်ဘွတ်

 

Lady Boy ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဘန်ကောက်မှာ ရက် ၂၀ ကြာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာလည်း ထိုင်းနိုင်ငံ မှာရှိတဲ့ အနုပညာရှင်တွေနဲ့ မြန်မာနိုင်ငံက အနုပညာရှင်တွေ ပူးပေါင်းပြီး ရိုက်ကူးလျှက်ရှိတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။

'' Live လွှင့်နေတာ ည ၁၂ နာရီလည်း ကျော်သွားပါဦးမယ်။ ဇာတ်ကားလည်း ဆက်ရိုက်ပါဦးမယ်။ ဒါပေမယ့် ကျွန်တော်က ပင်သာ ပင်ပန်း တာ နည်းနည်း ဝလာတယ်။ အားလုံးကို သတိရလို့ Live လွှင့်လိုက်တာပါ'' ဆိုပြီးတော့ သရုပ်ဆောင် ပြေတီဦးရယ်၊ ခင်လှိုင်ရယ်က ပရိသတ် တွေကို အနမ်းပေးပြီး နှုတ်ဆက်ခဲ့ကြပါတယ်။

Photo: ပြေတီဦးဖေ့စ်ဘွတ်

 

Lady Boy ရုပ်ရှင်ဇာတ်ကားကြီးကို စက်တင်ဘာလ ၅ ရက်နေ့က စပြီး ဘန်ကောက်မှာ စတင်ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် ပြေတီဦး၊ ခန့်စည်သူ၊ ကျော်ကျော်ဗို၊ ဂျိုကာနဲ့ အိချောပိုတို့နဲ့ အတူ ထိုင်းမင်းသမီးလေး ကဒါဖီ ကလည်း အဓိက သရုပ်ဆောင် အဖြစ် ပါဝင်သွားမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က