ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့်ကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊သင်္ဘောများလည်းကြိုတင်သတိပြုဖို့ တိုက်တွန်းထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း ပါဘက်ဟာ မြန်မာနိုင်ငံကို ဝင်ရောက်မှာမဟုတ်ပေမယ့် မုန်တိုင်းအရှိန်ကြောင့်တော့ ဒေသအများစုမှာ မိုးကြီးမယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇန်နဝါရီ ၆ ရက် မနက် ၁၁ နာရီခွဲမှာ ထုတ်ပြန်ပါတယ်။

Photo- မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန



ဒီဇင်ဘာ ၆ ရက်နေ့လယ်ကနေ နောက် ၃ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာတွေမှာ နေရာကွက်မိုးကြီးနိုင်တယ်လို့ သိရပါတယ်။

မုန်တိုင်းကြောင့်လေပြင်းတိုက် ခတ်ခြင်းနှင့် အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းတို့ ဖြစ်ပေါ်နိုင်တာကြောင့် ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင် သတိပြုကြဖို့လည်း မိုးဇလက တိုက်တွန်းထားပါတယ်။

"ပါဘက်” မုန်တိုင်းရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးတာကြောင့် အဝါရောင်အဆင့်လို့ သတ်မှတ်ပေမယ့် ကိုကိုးကျွန်းမှာ မုန်တိုင်းရဲ့ အဝန်းအဝိုင်းအတွင်းကို ကျရောက်နိုင်တာကြောင့် သက်ရောက်မှု အန္တရာယ်ကို ခံစားရနိုင်တယ်ဆိုပြီး မိုးဇလရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမယ်ဆိုပြီး ခန့်မှန့်ထားပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီးလှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ မှာ (၈)ပေမှ (၁၀)ပေခန့် ရှိနိုင်တယ်လို့သိရပါတယ်။

ဒီဇင်ဘာ ၆ ရက် မနက် ၁၁ နာရီ တိုင်းထွာချက်ချက်တွေအရ ကပ္ပလီပင်လယ် ပြင်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း "ပါဘက်" ဟာ မြန်မာ နိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)ရဲ့ တောင်ဘက် (၁၈၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းရဲ့ တောင်-အနောက်တောင်ဘက် မိုင်(၃၀၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားမြို့ရဲ့ အရှေ့တောင်ဘက် မိုင်(၆၀)ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေတယ်လို့ သိရပါတယ်။

အဆိုပါ မုန်တိုင်းဟာမြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ နောက်(၁၂)နာရီအတွင်း ကပ္ပလီကျွန်းစုသို့ ဖြတ် ကျော်နိုင်တယ်ဆိုပြီး မိုးဇလကခန့်မှန်းထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က