ဆက်လက်ပြီး အယူခံဝင်သွားမယ်လို့ သိရပါတယ်။
နိုင်ငံတော်လျို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ (၁)(ဂ) နဲ့ တရားစွဲဆို ခံထားရတဲ့ ရိုက်တာ သတင်းထောက်နှစ်ယောက်ကို မြောက်ပိုင်းခရိုင်တရားရုံးကနေစက်တင်ဘာ ၃ ရက်နေ့မှာ ထောင်ဒဏ် ၇ နှစ်စီ အမိန့်ချမှတ်လိုက်ပါတယ်။





သူတု့ိနှစ်ဦးကို ၂၀၁၇ ဒီဇင်ဘာလ တုန်းက နိုင်ငံတော်လျို့ ဝှက် စာရွက်စာတမ်းတွေကိုလက်ကိုင်ဖုန်းရော လက်ဝယ်မှာပါ တွေ့ရှိတယ်ဆိုပြီးတော့ ကိုးလနီးပါးကြာ ဖမ်းဆီးစစ်ဆေးခဲ့ပြီး ခုလို အမိန့်ချမှတ်လိုက်တာပါ။



ဒီအမှုမှာ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ ငြိစွန်းတဲ့ စာရွက်စာတမ်းတွေကို တပ်ကြပ် နိုင်လင်းက ပေးတာဖြစ်တယ်လို့ ကိုဝလုံးက ထွက်ဆိုခဲ့ပါတယ်။ အရင်ကလည်း တရားလိုပြသက်သေတွေထဲက ဒုရဲမှူး မိုးရန်နိုင်က အလားတူ ထွက်ဆိုထားခဲ့ပါတယ်။



ပြီးခဲ့တဲ့ရုံးချိန်တွေအတွင်းစစ်မေးခဲ့မှုတွေအရတရားလိုပြ သက်သေတွေရဲ့ ထွက်ဆို ချက်တွေမှာလည်း ကွဲလွဲချက်တွေအများစုတွေ့ရှိနေခဲ့ပြီးသတင်းသမားကျင့်ဝတ်နဲ့အညီလုပ်ဆောင်ခဲ့တဲ့အပေါ်ယုံကြည်ချက်အပြည့်အဝရှိတယ်လို့တရားစွဲဆိုခံထားရတဲ့ ကိုဝလုံး (ခ) သက်ဦးမောင်နဲ့ကိုကျော်စိုးဦး(ခ)မိုးအောင် တို့ကတရားခွင်အပြီး သြဂုတ် ၂၀ ရက်နေ့က မီဒီယာတွေကိုပြောဆိုထားပါတယ်။



ရိုက်တာသတင်းဌာနက သတင်းထောက် ကိုသက်ဦးမောင်(ခ)ဝလုံးနဲ့ ကိုကျော်စိုးဦး(ခ)မိုးအောင်တို့ကို လုံခြုံရေးရဲတပ်ဖွဲ့ခွဲက တပ်ဖွဲ့ဝင်တွေကို ချဉ်းကပ်စည်းရုံး ဆက်သွယ်ပြီး ရခိုင်ဒေသနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ တပ်ဖွဲ့နဲ့ သက်ဆိုင်တဲ့ အရေးကြီးလုံခြုံရေး စာရွက်စာတမ်း အထောက်အထားတွေကို ပြည်ပသတင်းဌာနတွေ ကို ပေးပို့ဖို့ ရည်ရွယ်ချက်နဲ့ တရားမဝင် သတင်း ရယူဆောင်ရွက်ခဲ့တယ်ဆိုပြီး (၂၀၁၇)ခုနှစ်၊ ဒီဇင်ဘာ (၁၂)ရက်ညက ထောက်ကြန့်နယ်မြေရဲစခန်း (ပ) ၁၂၉၈/၂၀၁၇၊ ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ-၃နဲ့ အမှုဖွင့် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က