သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီလည်း အသနားခံစာတင်သွားမယ်လို့ ဆိုပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်ပြစ်ဒဏ်ကျခံနေရတဲ့ရိုက်တာ သတင်းဌာနက သတင်းထောက်နှစ်ဦးအတွက် သက်ဆိုင်ရာ ရုံးအဆင့်ဆင့်ကို အယူခံဆက်ဝင်သွားမှာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ သမ္မတဆီကို အသနားခံစာတင်သွားမယ်လို့ မိသာစုဝင်တွေနဲ့ ရှေ့နေကပြောပါတယ်။

စက်တင်ဘာ ၄ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ ဖမ်းဆီးခံ သတင်းထောက်နှစ်ဦးရဲ့ ဇနီးနှစ်ဦးနဲ့ ရှေ့နေ ၂ ဦးက ပြောကြားလိုက်တာပါ။

"သက်ဆိုင်ရာ ရုံးအဆင့်ဆင့်ကို ဆက်လက်ပြီး အယူခံဝင်သွားဖို့ စဉ်းစားနေပါတယ်။ ဘယ်တော့ လဲဆိုတာတော့ မဆုံးဖြတ်ရသေးတော့ ပြောလို့မရသေးပါဘူး"လို့ ကိုဝလုံးရဲ့ရှေ့နေ ဦးသန်းဇော်အောင်ကပြောပါတယ်။

IMG_0638.JPG

နိုင်ငံတော်လျို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ (၁)(ဂ) နဲ့ တရားစွဲဆို ခံထားရတဲ့ ရိုက်တာ သတင်းထောက်နှစ်ယောက်ကို မြောက်ပိုင်းခရိုင်တရားရုံးကနေစက်တင်ဘာ ၃ ရက်နေ့မှာ ထောင်ဒဏ် ၇ နှစ်စီ အမိန့်ချမှတ်လိုက်ပါတယ်။

အဆိုပါသတင်းစာရှင်းလင်းပွဲမှာ ရိုက်တာသတင်းထောက်ကျော်စိုးဦး(ခ)ကိုမိုးအောင်ရဲ့ဇနီး ချစ်စုဝင်းက "ထောင်ဒဏ် ၇ နှစ်ဆိုတာ သိပ်ကို များလွန်းပါတယ်။ သူမှားတာ မလုပ်ခဲ့ပါဘူး။ သူ့ကို အိမ်ပြန်လာစေချင်ပါပြီ။" လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က