ထောင်ဒဏ် ၇ နှစ်ဆီချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက်တွေဖြစ်ကြသူ ဝလုံးနဲ့ ကျော်စိုးဦးတို့အတွက် အမှုပြင်ဆင်ပေးဖို့ လျှောက်လဲချက်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ဧပြီ ၂၃ ရက်နေ့မှာ ပ,လပ်လိုက်ပါတယ်။
သူတို့နှစ်ယောက်ဟာ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၃ ရက်က ထောင်ဒဏ် ရနှစ်စီ ချမှတ် ခံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီနောက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ ဆက်လက်အယူခံတင်ခဲ့ပေမယ့် ပ,လပ်ခဲ့တာကြောင့် နိုင်ငံတော်ရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ကို ဆက်လက် အယူခံတင်ရာမှာလည်း ထပ်မံ ပ,လပ်ခံရတာဖြစ်ပါတယ်။
"ဒီလို ပ,လပ်လိုက်တာဟာ နိုင်ငံတော်ရဲ့ လွတ်လပ်စွာ သတင်းသိပိုင်ခွင့်တွေ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ချိုးဖောက်လိုက်တာပါပဲ။ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကိုလည်းထိခိုက်စေပါတယ်။" လို့ သူတို့ နှစ်ဦးရဲ့ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က သတင်းထောက်တွေကို ပြောပါတယ်။
တရားရုံးရဲ့ဆုံးဖြတ်ချက်ကို Mလုံးနဲ့ ကျော်စိုးဦးတို့က အကျဉ်းထောင်ထဲမှာရှိနေတဲ့အတွက် လာရောက်ကြားနာတာ မရှိခဲ့ပေမယ့် သူတို့ နှစ်ဦးရဲ့ ဇနီးတွေကတော့ လာရောက်ခဲ့ကြပါတယ်။ ရိုက်တာသတင်းထောက်နှစ်ဦးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ရခိုင်ပြည်နယ်ရှိ ရဲကင်းစခန်းတွေရဲ့ လုံခြုံရေးနဲ့ ပတ်သတ်ပြီး စာရင်းတွေ လက်ဝယ်တွေ့ရှိတာကြောင့် ဖမ်းဆီးခဲ့ပါတယ်။
၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့မှာ မြောက်ပိုင်းခရိုင်တရားရုံးကနေ သူတို့နှစ်ဦးကို ထောင်ဒဏ် ၇ နှစ်စီချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။သူတို့နှစ်ဦးဟာ မကြာသေးခင်ကလည်း နိုင်ငံတကာသတင်းဆုဖြစ်တဲ့ ပူလစ်ဇာဆုကိုလည်း သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးတွဲရရှိခဲ့ကြပါသေးတယ်။