အမေရိကန်နိုင်ငံသားတစ်ဦးမောင်းနှင်လာတဲ့ ဆိုင်ကယ်က ဝင်ရောက်တိုက်မိတာဖြစ်ပါတယ်။

ဆိုင်ကယ်နဲ့ ကမ္ဘာပတ်ပြီး မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့ အမေရိကန်နိုင်ငံသားတစ်ဦး ကျောက်ဆည်မြို့မှာ ကားနဲ့တိုက်မိမှုဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကနေ ယနေ့ (ဇန်နဝါရီ ၁၈ ရက်နေ့) သတင်းထုတ်ပြန်ပါတယ်။

Photo - Ministry of Home Affairs

ကျောက်ဆည်မြို့၊ ဇလဲကျေးရွာနားက ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် (၃၉၆ / ၃၉၇ ) အကြား ကျောက်ဆည်ကနေ ဝမ်းတွင်းဘက်ကို မောင်းနှင်လာတဲ့ ယာဉ်ရဲ့နောက်ညာဘက်အခြမ်းကို လားရာတူ နောက်ကနေ အသက် ၃၆ နှစ်အရွယ် အမေရိကန်နိုင်ငံသားတစ်ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်က ဝင်တိုက်မိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။



ဒီလိုတိုက်မိတာကြောင့် အမေရိကန်နိုင်ငံသား Mr.Carson ဟာ နဖူးပွန်းပဲ့၊ ဝဲလက်ဖျံရိုးကျိုး ဒဏ်ရာတွေရရှိခဲ့ပါတယ်။ ဒဏ်ရာအခြေအနေမှာ မစိုးရိမ်ရကြောင်းနဲ့ ကျောက်ဆည်ပြည်သူ့ဆေးရုံကနေ မန္တလေးပြည်သူ့ဆေးရုံကြီး အရိုးကုသဆောင်မှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

Mr.Carson က မြဝတီ နယ်စပ်ဂိတ်ကနေတစ်ဆင့် မြန်မာနိုင်ငံအတွင်းကို ဆိုင်ကယ်နဲ့ ဝင်ရောက်လာခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းမှာ မဟာအောင်မြေမြို့နယ် ၃၇လမ်းနဲ့ ၃၈ လမ်းကြား ၇၈ လမ်းက ဟိုတယ်မှာ တည်းခိုနေထိုင်ခဲ့ပါတယ်။ ထို့နောက် ဟိုတယ်ကနေထွက်ခွာပြီး ညောင်ရွှေမြို့နယ် ဟိုတယ်(အင်းလေး) ကိုသွားဖို့ ဆိုင်ကယ်နဲ့ ထွက်ခွာလာစဉ်မှာ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က