၃ နှစ်စာချုပ်နဲ့ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ယာယီနည်းပြ အိုလီဂန်းနားဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်လိုက်ပြီဖြစ်တယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့တရားဝက်ဘ်ဆိုက်မှာ ကြေညာခဲ့ပါတယ်။

ဆိုးလ်ရှားဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၁၉၉၆ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ၃၆၆ ပွဲကစားပြီး ၁၂၆ ဂိုးသွင်းယူပေးခဲ့တဲ့ ဂန္တဝင်တိုက်စစ်မှူးဖြစ်ပါတယ်။ ကစားသမားဘဝကနေ အနားယူပြီးနောက်မှာလည်း ၂၀၁၀ ခုနှစ်အထိ မန်ချက်စတာယူနိုက်တက်လူငယ်အသင်းကို နည်းပြခဲ့သူဖြစ်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ယာယီနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပါတယ်။



မန်ချက်စတာယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့ရာ စုစုပေါင်း ၁၉ ပွဲမှာ ၁၄ ပွဲနိုင် ၂ ပွဲသရေ ၃ ပွဲရှုံးရလဒ်ရရှိထားတဲ့ ဆိုလ်ရှားကို မန်ချက်စတာယူနိုက်တက်အသင်းက ယနေ့မှာ အမြဲတမ်းနည်းပြအဖြစ် ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် စရောက်ခဲ့တဲ့ ပထမဆုံးနေ့ကတည်းက ဒီထူူးခြားတဲ့အသင်းမှာရှိရတာဟာ ကျွန်တော့်ရဲ့အိမ်လိုမျိုး ခံစားခဲ့ရပါတယ်။ မန်ချက်စတာယူနိုက်တက်ကစားသမားဖြစ်ခဲ့ရတာ ဂုဏ်ယူမိပြီး ကျွန်တော့်ရဲ့နည်းပြဘဝကိုလည်း ဒီမှာ စတင်ခဲ့တာပါ။ နောက်ဆုံးလအနည်းငယ်ဟာ အံ့အားသင့်စရာ အတွေ့အကြုံတွေရခဲ့ပြီး အလုပ်အတွက် အတူလုပ်ခဲ့ကြတဲ့ နည်းပြအဖွဲ့ဝင်တွေ၊ ကစားသမားတွေနဲ့ ဝန်ထမ်းတွေအားလုံးကို ကျွန်တော် ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ဒီအလုပ်က ကျွန်တော် အမြဲတမ်းလုပ်ဖို့အတွက် အိပ်မက်မက်ခဲ့ရတဲ့အလုပ်ဖြစ်ပြီး အသင်းကို ကာလရှည်ဦးဆောင်သွားနိုင်မယ့် အခွင့်အရေးရရှိခဲ့တဲ့အတွက် စိတ်လှုပ်ရှားတာထက်ကို ကျော်လွန်ပါတယ်။ ကျွန်တော်တို့ရဲ့အံ့အားသင့်စရာပရိသတ်တွေနဲ့ထိုက်တန်တဲ့ အောင်မြင်တွေဆီကို ရှေ့ဆက်ပို့ဆောင်သွားနိုင်မယ်လို့ မျှော်လင့်မိပါတယ်”လို့ ဆိုးလ်ရှားက မန်ချက်စတာယူနိုက်တက် ဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က