လာမယ့် အောက်တိုဘာ ၂၀ မှာ လီဗာပူးနဲ့ ကစားသွားရမှာပါ။

ဂျူဗင်တပ်နည်းပြဟောင်း အယ်လီဂရီဟာ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ၎င်းကို နည်းပြအဖြစ် တာဝန်ယူစေချင်တယ်ဆိုရင် လက်ရှိနည်းပြ ဆိုးလ်ရှားကို ထုတ်ပယ်ဖို့ ရာဇသံ ပေးလိုက်တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်းနားဆိုးလ်ရှားဟာ ဆိုးရွားတဲ့ရာသီအစကို ကြုံတွေ့နေရသူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားအဆင့် ၁၂ နေရာအထိ ကျဆင်းနေခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လိုက်ဇစ်အသင်းနည်းပြ နေဂယ်မန်းကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စောင့်ကြည့်နေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် အယ်လီဂရီက ရာသီဝက်အထိ မစောင့်ဆိုင်းနိုင်တော့ဘဲ နည်းပြဆိုးလ်ရှားကို အမြန်ဆုံးထုတ်ပယ်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အယ်လီဂရီဟာ ဂျူဗင်တပ်အသင်းနဲ့ အောင်မြင်တဲ့ကာလတွေကို ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး စကူဒက်တိုဖလား ၆ ကြိမ်၊ ကိုပါအီတာလီယာဖလား ၄ ကြိမ်၊ စူပါကိုပါအီတာလီယာနာဖလား ၂ ကြိမ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။



ဒါ့အပြင် အယ်လီဂရီဟာ ဂျူဗင်တပ်အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲ ၂ ကြိမ် တက်ရောက်နိုင်အောင် နည်းပြပေးနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲခဲ့သူဖြစ်ပါတယ်။ အီတလီကလာတဲ့သတင်းတွေသာ မှန်ကန်ခဲ့မယ်ဆိုရင် အယ်လီဂရီဟာ နှစ် ၃၀ အတွင်း အဆိုးရွားဆုံးရာသီအစကို ကြုံတွေ့နေရတဲ့ ယူနိုက်တက်အသင်းကို ကိုင်တွယ်ချင်နေတယ်လို့ သိရပါတယ်။

အယ်လီဂရီက နည်းပြဆိုးလ်ရှားကို လာမယ့်အပတ်အတွင်းမှာ ထုတ်ပယ်ပေးဖို့ ရက်သတ်မှတ်ပေးခဲ့ပြီး အောက်တိုဘာလ ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမယ့် လီဗာပူးအသင်းနဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်နည်းပြအဖြစ် ရင်ဆိုင်သွားလိုနေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရာသီအဖွင့်ပွဲစဉ်မှာ ချယ်ဆီးအသင်းကို ၄-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် ၁ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၃ ပွဲရှုံးရလဒ် ပိုင်ဆိုင်ထားပြီး တန်းဆင်းဇုန်ရဲ့အထက် ၂ မှတ်အကွာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က