မန်ယူဟာ ဆိုးလ်ရှားလက်ထက်မှာ ကိုးပွဲနိုင်၊ တစ်ပွဲသရေ ရလဒ်ရရှိထားပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်(၂၅)မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာကို အဝေးကွင်းမှာ ၁-ဝဂိုးနဲ့အနိုင်ရပြီး ယာယီနည်းပြ အိုလေဂန်နာဆိုးလ်ရှားလက်ထက်ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။

ဆိုးလ်ရှားဟာ လက်စတာနဲ့ပွဲမှာ တိုက်စစ်မှူးတွေအဖြစ် ဆန်းချက်ဇ်နဲ့ရက်ရှ်ဖို့်ဒ်ကို တွဲဖက်အသုံးပြုခဲ့ပြီး ကွင်းလယ်မှာ လင်ဂတ်၊ မာတစ်၊ ပေါ့ဂ်ဘာ၊ ဟာရဲရားတို့ကို အသုံးပြုခဲ့ပါတယ်။ လက်စတာတော့ အိမ်ကွင်းမှာ အမှတ်ရဖို့အတွက် မန်ယူကိုထိန်းကစားခဲ့ပြီး ထုံးစံအတိုင်း တန်ပြန်တိုက်စစ်ကတဆင့် ဗာဒီရဲ့တိုးအား၊ပြေးအားတွေကို အားကိုးကစားခဲ့ပါတယ်။

တစ်ပွဲလုံးအနေအထားကိုကြည့်မယ်ဆိုရင် အိမ်ရှင် လက်စတာအသင်းက တိုက်စစ်ကစားပုံပိုမိုထိရောက်ခဲ့ပြီး ဂိုးကန်သွင်းခွင့်လည်းပိုရခဲ့ပါတယ်။ ခံစစ်အားပြုပြီး တန်ပြန်တိုက်စစ်ကစားဖို့ ရည်ရွယ်ထားတဲ့ လက်စတာဟာ ပွဲချိန်ကိုးမိနစ်မှာပဲ မန်ယူကိုအဖွင့်ဂိုးပေးခဲ့ရလို့ကစားပုံပြောင်းခဲ့ရပါတယ်။ မန်ယူအတွက် အဖွင့်ဂိုးကိုတော့ ပေါ့ဂ်ဘာရဲ့တိကျတဲ့ပေးပို့မှုကနေတဆင့် ရက်ရှ်ဖို့ဒ်က သွင်းယူခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း လက်စတာကပဲ မန်ယူဂိုးပေါက်ကို ပိုမိုခြိမ်းခြောက်နိုင်ခဲ့ပြီး လက်စတာတိုက်စစ်မှူးတွေရဲ့ ကန်ချက်တွေကို ထုံးစံအတိုင်းမန်ယူဂိုးသမား ဒီဂီယာကာကွယ်နိုင်ခဲ့လို့ ချေပဂိုးနဲ့ဝေးခဲ့ရပါတယ်။ လက်စတာဟာ တစ်ပွဲလုံးမှာ ဂိုးကန်သွင်းခွင့် ၁၇ကြိမ်အထိရှိခဲ့ပြီး ဂိုးပေါက်တည့်မှု ၅ကြိမ်အထိရှိခဲ့ပေမယ့် ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းတော့မရှိခဲ့ပါဘူး။ မန်ယူအသင်းဟာတစ်ပွဲလုံးမှာ ဂိုးကန်သွင်းခွင့် ၁၀ ကြိမ်မှာ ၄ ကြိမ်ဂိုးပေါက်တည့်ပြီး တစ်ဂိုးရခဲ့ပါတယ်။

ပွဲအပြီးမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာကို ၁-ဝဂိုးနဲ့အနိုင်ရပြီး ယာယီနည်းပြဆိုးလ်ရှားလက်ထက်ပြိုင်ပွဲစုံ ဆယ်ပွဲမှာ ကိုးပွဲနိုင်၊ တစ်ပွဲသရေနဲ့ ရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ မန်ယူအသင်းအနေနဲ့ဒီနိုင်ပွဲကြောင့် ရမှတ် ၄၈မှတ်နဲ့ မန်စီးတီး-အာဆင်နယ်ပွဲမတိုင်ခင်မှာ အမှတ်ပေးဇယားအဆင့် ၅နေရာကို ယာယီရောက်ရှိနိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က