ထူးအောင်က ထိုင်းမလေးတွေနဲ့ Lady Boy ရုပ်ရှင်ဇာတ်ကားအတူတူရိုက်ခဲ့ပေမယ့် သူတို့နဲ့ တွဲရတဲ့ အခန်း တစ်ခန်းမှ မပါဘူးလို့ ဆိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီဇာတ်ကားထဲမှာ သူက လူဆိုးဂိုဏ်းခေါင်းဆောင်မို့လို့ပါတဲ့။
Photo: Htoo Aung
ထူးအောင်တစ်ယောက် Lady Boy ရုပ်ရှင်ဇာတ်ကားထဲမှာ ထိုင်းမလေးတွေနဲ့ မတွဲရတဲ့ခံစားချက်ကို ပြောပြလာပါတယ်။ ဒါပေမယ့် ပုံတွေ တင်ဖြစ်တာကတော့ သက်သက် ဓာတ်ပုံရိုက်ထားတာလို့ မီဒီယာအင်တာဗျူးတွေကနေတဆင့်ပြောပြခဲ့ပါတယ်။
‘’ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်မတွဲရဘူး။ ကျွန်တော့်ကို ကိုဘိုစန်းက မတွဲပေးဘူး။ ကိုပြေတီဦးတို့၊ ဦးခင်လှိုင်တို့ဆို တွဲရတယ်။ ဒါပေမယ့် ကျွန်တော်အဲဒီ ရှုတင်ကိုသွားလေ့လာတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအခန်းပြီးရင် ကျွန်တော့်အခန်းရိုက်မှာပေါ့။ အဲဒီက ကောင်မလေးတွေကလည်း ကျွန်တော်နဲ့ ဓာတ်ပုံတွဲရိုက်ချင်တယ်ဆိုလို့ ရိုက်လိုက်တာပါ။ အထင်မကြီးပါနဲ့ ကျွန်တော်နဲ့ မတွဲရပါဘူး’’ ဇွန်လ ၃ ရက်နေ့ ညက Lady Boy ရုပ်ရှင်အထူးပြသပွဲမှာ ဖြေဆိုခဲ့တာပါ။
Photo: Htoo Aung
ဒီဇာတ်ကားထဲမှာ ထူးအောင်က လူဆိုးဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက် အဖြစ် ပါဝင်ထားတာပါ။ Lady Boy ရုပ်ရှင်ဇာတ်ကားထဲမှာ ကောင်မလေးတွေနဲ့ တွဲခွင့်မရလိုက်ပေမယ့် နောက်တစ်ကားဆိုရင်တော့ တွဲချင်တယ်လို့ ဆိုပါတယ်။
‘’ ခပ်မိုက်မိုက်စော်လေးတွေကလည်း ကျွန်တော်နဲ့ မတွဲရဘူး။ သူတို့ကိုပဲ လိုက်ဖြုတ်နေတဲ့ ဘဲဆိုတော့ ကျွန်တော်က မတွဲရဘူး။ ကျွန်တော်က တွဲချင်တာ။ ပြောလည်းပြောထားတယ်။ နောက်တစ်ကားဆိုရင်တော့ ကျွန်တော့်ကို တွဲပေးပါလို့။ ကျွန်တော်က ဂိုဏ်းစတားဆိုတော့ ကျွန်တော့်အနောက်မှာ ယောကျ်ားလေး ၅ ယောက်လောက်က အမြဲပါတယ်’’ လို့ ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ပါတယ်။
Photo: Htoo Aung
ထူးအောင်ကတော့ လက်ရှိအချစ်ရေးက အေးအေးဆေးဆေးပါပဲ တဲ့။ အရင်ကတော့ ရည်းစားတွေ ထားခဲ့ဖူးပေမယ့် လက် ၅ ချောင်း အရေအတွက်တောင်မပြည့်တဲ့အကြောင်း သဘောကျရင်းပြောပြခဲ့ပါတယ်။ လောလောဆယ်မှာတော့ သူ့ကို ချစ်တဲ့ သူတွေက ပရိသတ်တွေ ပဲရှိပါတယ်တဲ့။
'' အရင်ကတော့ ရည်းစားထားဖူးတယ် ၁၀ တန်းလောက်ကတည်းက ထားဖူးခဲ့တယ်။ ဒါပေမယ့် လက် ၅ ချောင်းမပြည့်ဘူး။ အဓိက ကတော့ စိတ်ပေါ့။ နားလည်မှုရှိတယ်ဆိုရင် ပိုအဆင်ပြေတယ်။ ကျွန်တော်တို့က အလုပ်တွေကို လုံးပန်းပြီးလုပ်နေရချိန်မှာ အာရုံစူးစိုက်ပြီးလုပ်ရတယ်။ အဲ့ဒီ အနုပညာအလုပ်တွေကို နားလည်ပေးမယ့် သူဆိုရင်တော့ ပိုအဆင်ပြေတာပေါ့'' လို့ ထူးအောင်က ပြောပါတယ်။
Photo: Htoo Aung
Model လောကမှာလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိလာတဲ့ ထူးအောင်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးလာရတဲ့ အနုပညာရှင်အသစ်တစ်ယောက်လည်းဖြစ်ပါတယ်။ နောက်ထပ်လည်း လက်ခံထားတဲ့ ဇာတ်ကားတွေအများကြီးရှိသေးတယ် လို့ သိရပါတယ်။ အခုဆိုရင်တော့ သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးလာရပြီဖြစ်ပါတယ်။
Share