မြန်မာနိုင်ငံသားမိဘနှစ်ဦးက မွေးဖွားခဲ့တဲ့ နိုင်ငံမဲ့ ရှမ်းတိုင်းရင်းသူ ကျောင်းသူတစ်ဦးဟာ အမေရိကန်နိုင်ငံ လူငယ်သိပ္ပံတီထွင်မှုပြိုင်ပွဲမှာ ထူးချွန်ဆုရရှိခဲ့ပါတယ်။
Photo - Nationmultimedia
ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်က နမ့်ဖိန့်ပန်းယား အမည်ရှိ နိုင်ငံမဲ့ ရှမ်းတိုင်းရင်းသူ ကျောင်းသူလေးတဦးဟာ အမေရိကန်နိုင်ငံ လူငယ်သိပ္ပံတီထွင်မှု ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပြီး ထူးချွန်ဆုလည်း ရရှိခဲ့ပါတယ်။ ပီးခဲ့တဲ့ မေလ ၁၂ ရက် ကနေ ၁၇ ရက်အထိ အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် ဖိနစ် မြို့မှာပြုလုပ်တဲ့ နိုင်ငံတကာ လူငယ်သိပ္ပံပြိုင်ပွဲ ( Science Project Competition – Intel ISEF 2019 )မှာ သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
ပြိုင်ပွဲမှာတော့ သူတို့အသင်းဟာ စပါးမျိုးစေ့တွေ မိုးရေမရလို့ အချိန်မှီသေဆုံးသွားတာကို တားဆီးဖို့အတွက် သစ်ပင်ကရတဲ့ အစေးနဲ့ မျိုးစပါးစိုထိုင်းဆ ထိန်းသိမ်းနိုင်ဖို့တီထွင်ခဲ့တဲ့အတွက် အထူးဆု ဒုတိယဆုကို ရရှိခဲ့တယ်လို့ The Nation သတင်းမှာဖော်ပြပါတယ်။ ရှမ်းတိုင်းရင်းသူဖြစ်တဲ့ နန့်ပန်ဖန်ယာဟာ မြန်မာနိုင်ငံသားမိဘတွေက မွေးဖွားလာတာဖြစ်ပေမယ့် နိုင်ငံမဲ့ဖြစ်နေတာကြောင့် အမေရိကမှာ သိပ္ပံပြပွဲသွားရောက်ယှဉ်ပြိုင်ဖို့ ထိုင်းနိုင်ငံသားအဖြစ် ထိုင်းအစိုးရက ပေးအပ်ပြီး သွားရောက်ယှဉ်ပြိုင်စေခဲ့တာဖြစ်ပါတယ်။
ဒီအဖြစ်အပျက်နဲ့ အလားတူ ထိုင်နိုင်တောင်ပိုင်း ရနောင်းမြို့မှာလည်း ယွန်းရဒီ ဆိုတဲ့အထက်တန်းကျောင်းသူဟာလည်း လာမယ့်ဇွန်လမှာ အမေရိကန်နိုင်ငံ Genius Olympaid in New York က လူငယ်သိပ္ပံပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ဖို့ အရွေးခံရပေမယ့် သူဟာ မြန်မာရွှေ့ပြောင်းလုပ်သား မိဘနှစ်ပါးက မွေးဖွားပြီး နိုင်ငံမဲ့ကလေး ဖြစ်နေလို့ နိုင်ငံခြားသွားဖို့ အခက်အခဲ ရှိခဲ့တာကြောင့် ထိုင်းနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ဖို့ ထိုင်းအာဏာပိုင်တွေက နိုင်ငံသားဖြစ်ခွင့်ပေးလိုက်ပါတယ်။