တကယ်ကိုတော်တဲ့ သရုပ်ဆောင်ပါပဲတဲ့။

သရုပ်ဆောင်ကျော်ကျော်က မကြာခင်ရုံတင်ပြသတော့မယ့် နာနာဘာဝချစ်သူ ရုပ်ရှင်ဇာတ်ကားထဲမှာ  ထိုင်းမင်းသမီးလေး ပတ်ချာရာ နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ပတ်ချာရာ ရဲ့ ကြိုးကြိုးစားစားသရုပ်ဆောင်မှုတွေကြောင့် အရမ်း ကိုလည်း အံ့သြခဲ့ရတယ်လို့ ပြောပါတယ်။



 

သရုပ်ဆောင်ကျော်ကျော်က မကြာခင်ရုံတင်ပြသတော့မယ့် နာနာဘာဝချစ်သူ ရုပ်ရှင်ဇာတ်ကားထဲမှာ  ထိုင်းမင်းသမီးလေး ပတ်ချာရာ နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဒီဇာတ်ကားဟာ ချစ်စရာကောင်းတဲ့ သရဲကားတစ်ကားဖြစ်ပြီး မြန်မာပရိသတ်တွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်တယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

''ထိုင်းမင်းသမီးလေးနဲ့ ရိုက်ထားတာဆိုတော့ ထိုင်းဇာတ်ကားတွေနဲ့တောင်ဆင်တယ်လေ။ တချို့ကျ တော့လည်း ထိုင်းဘက်ကို ဦးစားပေး ပြီးတော့ ရိုက်ထားတာလားပေါ့ ဒါကလည်း မဟုတ်ပါဘူး။ ကျွန်တော်တိ့ု မြန်မာဆန်ဆန်ပဲရိုက်ထား တဲ့ ဇာတ်ကားလေးပါ။ မြန်မာ ကြိုက် ဇာတ်ကားလေးတစ်ခုပါ ပရိသတ်တွေကလည်း အသွင်မတူတဲ့ ပုံစံလေးတွေကို မြင်ရမယ်လို့ထင်ပါတယ်'' လို့ သူကဆိုပါတယ်။

ထိုင်းမင်းသမီးလေးနဲ့ အတူတွဲပြီး သရုပ်ဆောင်ခဲ့ရတဲ့ အတွေ့အကြုံတွေကိုလည်း ကျော်ကျော်က အခုလိုပြောပြလာပါတယ်။ သူ့အနေနဲ့ တော်တော်များများ ဗဟုသုတတွေလည်း ရခဲ့သလို တကယ်ကို နားလည်လွယ်တဲ့ ပတ်ချာရာ (ထိုင်းမင်းသမီး) ကိုလည်း ချီးကျူးပြောပြ ခဲ့ပါသေးတယ်။

'' ပြည်ပသရုပ်ဆောင်အနေနဲ့ တတ်သိထားတဲ့ ပညာကို ကျွန်တော် တို့ တော်တော်လေး ဗဟုသုတရခဲ့ပါတယ်။ သူက အင်္ဂလိပ်လိုလည်း သိပ်နားမလည်တော့ ကိုယ်တွေလိုချင်တဲ့ အိုက်တင်မျိုးကို လက်ဟန်ခြေဟန် နဲ့ပြရတယ်။ ဒါကိုလည်း သူက တစ်ထွာလောက်ပြရင် ၁၀ ပေ၊ ၁၅ ပေလောက်အထိမြင်တယ် ဒါကလည်း သူတို့ဆီက သင်ကြားပြသမှုတွေက စနစ်တကျသင်ခဲ့ရလို့ပေါ့'' လို့ ပြောပါတယ်။

Photo: ကျော်ကျော်ဖေ့စ်ဘွတ်

 

ဆယ်ကျော်သက်အရွယ် ထိုင်းမင်းသမီးချောလေး ပတ်ချာရာ ရဲ့ ကြိုးကြိုးစားစားသရုပ်ဆောင်မှုတွေကြောင့် အရမ်းကိုလည်း အံ့သြခဲ့ရတယ်လို့ ဇူလိုင်လ ၂၇ ရက်နေ့က ဆုမြတ်နိုးဦးရဲ့ မွေးနေ့ အလှူ မှာ ပြောပြခဲ့တာဖြစ်ပါတယ်။

'' သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကို အစ်ကိုတို့တွေ ပါးစပ်အဟောင်းသားကြည့်နေရတယ်။ သူ့တို့ နိုင်ငံရဲ့ အနုပညာကျောင်းက ဆင်းလာတဲ့ ကလေးမလေးတစ်ယောက်က ဘာတွေသိထားတတ်ထားသလဲပေါ့။ သူ International မှာ သွားရိုက်လို့ရတယ်။ သူ သဘောပေါက်ပြီးသားလေ အရာရာအားလုံးကို ဒါတွေတော့ အားကျမိတယ်'' လို့ သူကဆိုပါတယ်။

 

သရုပ်ဆောင်ကျော်ကျော်ကို ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာကြတာ ဖြစ်ပါ တယ်။ အခုလက်ရှိမှာလည်း ဇာတ်ကားတွေ ဆက်တိုက်ရိုက်နေရသူတစ်ဦးလည်း ဖြစ်ပါတယ်။ ကျော်ကျော်ပါဝင်ထားတဲ့ အရိပ်ဇာတ်လမ်း တွဲကိုလည်း အခုလက်ရှိ MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေပြီလို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ ကျော်ကျော်က ပေါက်ကျိုင်း ဆိုတဲ့ ကာရိုက်တာနဲံ့ ပါဝင်သရုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က