၂၀၁၈ အကယ်ဒမီပေးပွဲကို မကြာခင်ကျင်းပတော့မှာပါ။

ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းက မတ်လ ၂၃ ရက်နေ့မှာ ပြုလုပ်မယ့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာတော့ အနုပညာလောကသားတွေကို အယောက် ၃၀၀၀ ဖိတ်နိုင်ဖို့ ကြိုးစားမယ်လို့ ဆိုပါတယ်။ အဲဒီနောက် ပွဲပြင်ဆင်မှုအပိုင်းကို တာဝန်ယူထားတဲ့ ကိုဂျွန်လွင်ကလည်း ဆုယူမယ့် စတိတ်စင်အတွက် သိန်း ၈၀၀ အကုန်အကျခံသွားမယ်လု့ိ ပြောပါတယ်။


အနုပညာလောကသားတွေသာမက ပြည်သူပြည်သားတွေပါ စောင့်မျှော်နေကြတဲ့ မြန်မာရုပ်ရှင်ထူးချွန်ဆု ပေးပွဲကြီးကို မတ်လ(၂၃) ရက်နေ့တွင် The One Entertainment Park မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ အတည်ပြုလုပ်ပါပြီ။



ဒီနှစ်အကယ်ဒမီပေးပွဲအတွက် ပွဲစီစဉ်မှုတွေကိုတော့ Star & Model Agency ရဲ့ CEO ကိုဂျွန်လွင်ကိုယ်တိုင် ဦးစီးဆောင်ရွက်သွားမှာဖြစ်ပြီး အကယ်ဒမီပေးပွဲအတွက် သိန်း ၈၀၀ ကျော်သာ အကုန်အကျခံသွားမယ်လို့ ကိုဂျွန်လွင်က ပြောပါတယ်။

‘’ ဒီနှစ်ကလည်း ဘတ်ဂျက်ကို ချု့ံ့ထားတယ်လေ။ ဒီနှစ်မှာ ကျွန်တော့်ရဲ့ ဘတ်ဂျက်က သိန်း ၈၀၀ ကျော်ပဲ သုံးမှာဖြစ်တဲ့အတွက် နည်းနည်းနဲ့ ကျဲကျဲ Stage ကို လှအောင်လို့တော့ ကျွန်တော်တို့ လုပ်ထားပါတယ်။ Fashion ကိုလည်း ဘုရားအရှေ့မှာလုပ်တာမဟုတ်လို့ ကြပ်ကြပ်တည်းတည်းကြီး ဝတ်လာစရာမလိုဘူးပေါ့နော်’’ လို့ သူကဆိုပါတယ်။

Photo: John Lwin

၂၀၁၈ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာတော့ အနုပညာလောကသားတွေကိုသေချာစိစစ်ပြီး ဖိတ်ကြားသွားမယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌဖြစ်သူ အကယ်ဒမီဇင်ဝိုင်းက မီဒီယာ တွေကို ပြောပြလာပါတယ်။ အကယ်ဒမီပေးပွဲကိုတော့ မတ်လ ၂၃ ရက်နေ့ The One Entertainment မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

‘’ ဒါကတော့ နှစ်တိုင်း ကြုံတွေ့နေရတဲ့ အခက်အခဲဖြစ်ပါတယ်။ ကျွန်တော်တို့ လောကသားတွေက ရုပ်ရှင်အစည်းအရုံးစာရင်းဝင်ဆိုရင် လူအယောက် ၄၅၀၀ ကျော်ရှိပါတယ်။ ဒီ ၄၅၀၀ ကို ဖိတ်ကြားဖို့ဆိုတာကလည်း မလွယ်ပါဘူး။ မနှစ်တုန်းကလည်း လူအယောက် ၃၀၀၀ ကို ဖိတ်ကြားခဲ့ပါတယ်။ ဒီနှစ်မှာလည်း အနည်းဆုံး လူအယောက် ၃၀၀၀ ဖိတ်နိုင်ဖို့ ကြိုးစားနေပါတယ်။ အလွှာ ၁၀ လွှာရှိတဲ့အတွက် တစ်လွှာကို အယောက် ၂၆၀ လောက်ပဲ ဖိတ်ကြားဖို့ အစီအစဉ်ရှိပါတယ်’’ လို့ အကယ်ဒမီပေးပွဲနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောပြလာတာဖြစ်ပါတယ်။

Photo: မောင်သိန်း

အနုပညာလောကသားတွေသာမက ပြည်သူပြည်သားတွေပါ စောင့်မျှော်နေကြတဲ့ မြန်မာရုပ်ရှင်ထူးချွန်ဆု ပေးပွဲကြီးကို မတ်လ(၂၃) ရက်နေ့တွင် The One Entertainment Park မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ အတည်ပြုလုပ်ပါပြီ။ ယခင်က အကယ်ဒမီပေးပွဲကြီးအတွက် ရွှေထွဋ်တင်ကွင်း၊ YCC တို့ကို ရွေးချယ်ထားခဲ့ပေမယ့်လည်း ယနေ့မှာတော့ The One Entertainment Park မှာ ပြုလုပ်ဖို့ရွေးချယ်လိုက်ပြီလို့ မတ်လ(၂) ရက်နေ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးအေးကြူလေးရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

အကယ်ဒမီ ဆုပေးပွဲမတိုင်ခင် ၂၀၁၈ခုနှစ်အတွင်း ရုံတင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးများကို ရွေးချယ် ကြည့်ရှုခဲ့ရာ ရုပ်ရှင်ဇာတ်ကား (၂၅) ကားထွက်ပေါ်လို့ လာခဲ့ပါပြီ။ ၂၀၁၈ ခုနှစ် တစ်နှစ်လုံး ရုံတင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား (၈၃) ကားအနက်မှ ဒုတိယအကြိမ် ထပ်မံကြည့်ရှုမယ့် ရုပ်ရှင်ဇာတ်ကား (၂၅) ကားကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ထိုရုပ်ရှင်ဇာတ်ကား (၂၅) ကားကတော့ မိုးပန်းပွင့်တို့ရဲ့သင်္ကေတ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဝိညာဉ်စိမ်း၊ ဒုဠဝတီကိုလွန်၍၊ င့ါကိုနမ်းတဲ့မုန်တိုင်း၊ ငယ်ကျွန်၊ဥပါဒါန်၊ မုန်းစွဲ၊ ရွှေကြာ၊ သမ္မတကြီးထံပေးစာ၊ ပြည်ထောင်စုသစ္စာ၊ ဇာတိမြေ၊ မှော်ဝင်သမန်းကျား၊ လရောင်ဖြာတဲ့အင်းလေးမှာ၊ ဥပါယ်တံမျဉ်၊ မုဒြာရဲ့ ခေါ်သံ၊ ကြတ်ဂူ၊ နောင်တွင်ဥဒါန်း တွင်စေသတည်း၊ ငဒူ၊ မျက်နှာပြင်များ၊ မီ၊ တိမ်တိုက်တံတား၊ ရန်သူ၊ သတို့သမီး၊ ကိုယ်စောင့်နတ် စတဲ့ ရုပ်ရှင်ဇာတ်ကားများ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က