ခင်ဖြစ်သူက အရှင်လတ်လတ် မြေမြှပ်စွန့်ပစ်ခဲ့တာပါ။

ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ဆယ်ကျော်အသက်အရွယ် မိခင်ဖြစ်သူက အရှင်လတ်လတ် မြေမြှပ်စွန့်ပစ်ခဲ့တဲ့ မွေးကင်းစ ကလေးငယ်ကို ခွေးတစ်ကောင်က ကယ်ဆယ်ခဲ့ပါတယ်။

(မြေမြှုပ်စွန့်ပစ်ခံရသည့် ကလေး၊ မြေမြှုပ်ခဲ့သည်နေရာနှင့် ခွေးလေးပင်ပေါင်) (Photo: looptt)

မွေးကင်းစ ကလေးငယ်ဟာ ယောက်ျားလေးဖြစ်ပြီး အသက် ၁၅ နှစ်အရွယ် မိခင်က သူမ ကိုယ်ဝန်ရခဲ့ကြောင်း မိဘတွေ မသိစေနိုင်ရန် ထိုသို့ မြေမြှုပ်စွန့်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (မေ ၁၅ ရက်) က ပင်ပေါင်လို့ အမည်ပေးထားတဲ့ ခွေးက ထိုင်းမြောက်ပိုင်း Ban Nong Kham ကျေးရွာရှိ ကွင်းပြင်တစ်ခုမှာ ဟောင်သံပေးပြီး မြေကြီးကိုတူးဆွနေခဲ့ပါတယ်။

ထို့နောက် ခွေး တူးဆွနေတဲ့ မြေကြီးထဲကနေ ကလေးခြေထောက် ထွက်ပေါ်လာတာကို ခွေးပိုင်ရှင်က သတိပြုမိသွားခဲ့တာ ဖြစ်ပါတယ်။ ခွေးပိုင်ရှင်နဲ့ ရွာသူရွာသားတွေက ကလေးကို မြေကြီးထဲမှထုတ်ယူခဲ့ပြီး ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ကြပါတယ်။

(ပင်ပေါင်နဲ့ ပိုင်ရှင်ဖြစ်သူတို့ကို တွေ့ရစဉ်) (Photo: Khaosod English)

ဆရာဝန်တွေက မွေးကင်းစ ကလေးငယ်ကို သန့်ရှင်းရေးပြုလုပ်ပေးခဲ့ကြပြီး ကျန်းကျန်းမာမာရှိကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။ မြေမြှုပ်စွန့်ပစ်ခံရတဲ့ မွေးကင်းစ ကလေးကို ကယ်ဆယ်ခဲ့တဲ့ ခွေးလေးပင်ပေါင်ဟာ ကားတိုက်ခံခဲ့ရတာကြောင့် ခြေတစ်ဖက်မသန်ဘူးလို့ ပိုင်ရှင်ဖြစ်သူ Usa Nisaikha က ပြောပါတယ်။

"သူက အရမ်းသစ္စာရှိပြီး စကားနားထောင်တယ်လေ၊ ဒါကြောင့် ကျွန်တော် သူ့ကို မွေးထားခဲ့တာ၊ ကျွန်တော် လယ်ကွင်းတွေထဲထွက်ပြီး ကျွဲ၊ နွားကျောင်းတဲ့အခါလည်း သူက အမြဲကူညီပေးတယ်၊ သူ့ကို တစ်ရွားလုံးက ချစ်ကြတယ်ဗျ၊ အံ့သြစရာကောင်းပါတယ်" လို့ မွေးကင်းစ ကလေးကို သူ့ရဲ့ခွေးက ကယ်ဆယ်ခဲ့မှုနဲ့ ဆက်စပ်ပြီး ခွေးပိုင်ရှင်က Khaosod သတင်းစာကို ပြောခဲ့ပါတယ်။

(မွေးကင်းစ ကေးလကို မြေမြှုပ်စွန့်ပစ်ခဲ့သည့်နေရာ) (Photo: Prasit Tangprasert)

ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး မွေးကင်းစ ကလေးရဲ့မိခင်ကို ကလေးစွန့်ပစ်မှုနဲ့ လူသတ်ရန်ကြံစည်မှုတို့ဖြင့် စွဲချက်တင်ထားပါတယ်။ လက်ရှိမှာတော့ မွေးကင်းစ ကလေးကို မြေမြှုပ်စွန့်ပစ်ခဲ့တဲ့ ဆယ်ကျော်သက်အရွယ် မိခင်ဖြစ်သူကို သူမရဲ့မိဘတွေနဲ့ စိတ်ပညာကျွမ်းကျင်သူတို့က ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း Chum Phuang ရဲတပ်ဖွဲ့မှ ရဲအရာရှိ Chum Phuang က Bangkok Post သတင်းဌာနကို ပြောပါတယ်။

ဆယ်ကျော်သက် မိန်းကလေးဟာ သူမရဲ့လုပ်ရပ်အတွက် နောင်တရနေကြောင်းလည်း ရဲအရာရှိက ဆိုပါတယ်။ အဆိုပါ မိန်းကလေးရဲ့ မိဘတွေက ကလေးငယ်ကို ပြုစုစောင့်ရှောက်သွားမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က