သြဂုတ်လကုန်ပိုင်းမှာ ကျင်းပသွားမှာပါ

လာမယ့် သြဂုတ်လ ၂၉ ရက်ကနေ ၃၁ ရက်နေ့အထိ ထိုင်းနိုင်ငံမှာ ကျင်းပသွားမယ့် အပြည်ပြည်ဆိုင်ရာ စက်ရုပ်ပြိုင်ပွဲ World Robot Games (WRG) ၂၀၁၉ မှာ ဂိမ်းအမျိုးအစား ၃ မျိုးမှာ မြန်မာအသင်းများ ဝင်ရောက် ယှဉ်ပြိုင်သွားမယ်လို့ဆိုပါတယ်။


World Robot Games (WRG) 2019 မှာ ထိုင်း ၊ စင်္ကာပူ ၊ အင်ဒိုနီးရှား ၊ မလေးရှား ၊ ထိုင်ဝမ် ၊ ဖိလစ်ပိုင် ၊ မြန်မာ ၊ ဘူတန် နဲ့တရုတ် ၉ နိုင်ငံမှ ပြိုင်ပွဲဝင်အဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့သိရပါတယ်။ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း MCPA မှ ဦးဆောင်ပြီး ယခုပွဲအတွက် ပြိုင်ပွဲဝင်အဖွဲ့များ ရွေးချယ်ကာ စေလွှတ်သွားမှာပါ။

Photo: Internet Journal


ပြိုင်ပွဲဝင်မယ့် အဖွဲ့တွေဟာ Rugby Robot ၊ Biped Robot Race နဲ့Line Tracing Extreme ဂိမ်းအမျိုးအစား ၃ ရပ်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ Rugby Robot ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အဖွဲ့ဝင် ၄ ဦး ၊ Biped Robot Race ပြိုင်ပွဲအတွက် အဖွဲ့ဝင် ၂ ဦး နဲ့Line Tracing Extreme ပြိုင်ပွဲအတွက် အဖွဲ့ဝင် ၂ ဦး စုစုပေါင်း ပြိုင်ပွဲဝင် ၈ ဦး ရွေးချယ်သွားမယ်လို့သိရပါတယ်။


ယခုနှစ် World Robot Games (WRG) 2019 အတွက် ပြိုင်ပွဲအကြောင်းအရာ Theme ကို Robotics at Home ခေါင်းစဉ်နဲ့ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ အောက်တိုဘာလထဲမှာ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း MCPA ၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ၊ WYTU Scienc & Research Club တို့ပူးပေါင်းပြီး ပထမအကြိမ် တက္ကသိုလ်ပေါင်းစုံ စက်ရုပ်ပြိုင်ပွဲ Clash of Robot တစ်ခု ကျင်းပခဲ့ပါတယ်။

Photo: twentyfour-news

၀၁၈ ဒီဇင်ဘာလထဲမှာ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့Asia Pacific Tele Community တို့ရဲ့ ကူညီပံ့ပိုးမှုနဲ့MCPA မှ ဦးဆောင်ပြီး APT Young Professionals and Students Program အဖြစ် 2018 Myanmar Robotic ပြိုင်ပွဲတစ်ရပ် ကျင်းပခဲ့ပြီး ရန်ကုန်နည်းပညာတက္ကသိုလ် ၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် နှင့် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်တို့မှာ ပြိုင်ပွဲဝင်များ ဆုအသီးသီး ရရှိခဲ့ကြပါတယ်။


ယခုနှစ် ထိုင်းနိုင်ငံမှာ ကျင်းပသွားမယ့် World Robot Games 2019 ကတော့ ၂၀၁၅ ခုနှစ်က စတင် ကျင်းပလာခဲ့တဲ့ နိုင်ငံတကာ စက်ရုပ်ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပြီး စက်ရုပ်ပြိုင်ပွဲအမျိုးအစား ၈ မျိုး ထည့်သွင်းကျင်းပသွားမယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က