ဒီနေ့မှာပဲ လုပ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံက နာမည်ကျော်အနုပညာရှင်တွေနဲ့ ယိုးဒယားက အနုပညာရှင်တွေ ပူးပေါင်းပြီး ရိုက်ကူးမယ့် Ladyboy ရုပ်ရှင် ဇာတ်ကားကြီး ကို Bo Bo Entertainment က ထုတ်လုပ်ပြီး ဒါရိုက်တာကိုပေါက်က စက်တင်ဘာလ အတွင်းမှာ ရိုက်ကူးသွား မှာဖြစ်ပါတယ်။



 

Lady Boy ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကို သြဂုတ်လ ၂၉ ရက်နေ့ မနက်ပိုင်းက M3 Food Canter မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကား ထဲမှာ မြန်မာနိုင်ငံရဲ့ အောင်မြင်တဲ့ အနုပညာရှင်များနဲ့ အတူ ထိုင်းနိုင်ငံမှာ ရှိတဲ့ အနုပညာရှင်တွေ ပူးပေါင်းပြီးရက်ပေါင်း(၂၀) အကြာ ရိုက်ကူးသွားမယ် လို့လည်း မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

'' ဇာတ်ကားနာမည်အရတော့ ယောကျ်ားလျာကား၊ အခြောက်ကားလို့တော့ ထင်ကောင်း ထင်လိမ့်မယ်။ တကယ်တော့ ဒီဇာတ်ကားက အခြောက် ဇာတ်ကားမဟုတ်ပါဘူး၊ ဘန်ကောက်ကို ရောက်သွားတဲ့လူတစ်ယောက်ရဲ့ ဘာသာစကားနားမလည်မှုတွေကြောင့် ဖြစ်ပေါ် လာတဲ့ အခက်အခဲတွေကြားမှာ အဆင်ပြေသလို နေရတဲ့ ပုံစံလေးပါ''လို့ ကိုပေါက်က ပြောပါတယ်။

 

Lady Boy ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ထိုင်းနိုင်ငံမှာ နေထိုင်ပြီး ထိုင်းနိုင်ငံရဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ရမယ့် အိချောပို က သူ့ရဲ့ ကာရိုက်တာအတွက် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေတယ်ဆိုပြီးတော့ သြဂုတ်လ ၂၉ ရက်နေ့ မနက်က Ladyboy ရုပ်ရှင်ကန်တော့ပွဲမှာ မီဒီယာတွေကို ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' ဒီဇာတ်ကားထဲမှာတော့ အိချောက နိုင်ငံခြားမှာနေတဲ့ မော်ဒယ် မင်းသမီး ပုံစံနဲ့ပါဝင်သရုပ်ဆောင်ရမှာပါ။ ဒီဇာတ်ကားကိုလည်း ပြည်ပနဲ့ ပေါင်းရိုက်တာ ဖြစ်တဲ့အတွက် အိချောပါဝင်ရမယ့် ကာရိုက်တာပိုင်းရော၊ အဝတ်အစားပိုင်းတွေက အစ ပီပြင်အောင်၊ အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်နေပါတယ်'' လို့ ဆိုပါတယ်။

ဘန်ကောက်မှာရိုက်တဲ့ ရုပ်ရှင်အတွက် သရုပ်ဆောင်ခေါ်နေတဲ့ ကိုပေါက်  

Ladyboy ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဂျိုကာ ကတော့ ထိုင်းနိုင်ငံသူ အခြောက်မတစ်ယောက် ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ရမှာ  ဖြစ်ပါ တယ်။ ဒါကလည်း သူ့အတွက် ပထမဆုံး အခြောက်ကာရိုက်တာကို သရုပ်ဆောင်ရတာပါ ဆိုပြီးတော့ အမှတ်တရ ပြောပြခဲ့ပါတယ်။

'' ဒီဇာတ်ကားထဲမှာတော့ ပထမဦးဆုံး ဂျိုကာ ပထမဆုံး အခြောက်ကာရိုက်တာလုပ်ရမှာ။ ဒီဇာတ်ကားထဲမှာတော့ ကျွန်တော်က ထိုင်းနိုင်ငံ မှာနေပြီးတော့ အဆောင်မှူးအခြောက်ကြီးပေါ့နော်။ အခြောက်တွေပဲ လက်ခံတယ်၊ ကျွန်တော်က မြန်မာလူမျိုးတွေဆိုရင်တော့ ချစ်တတ် တယ်။ အိချောပိုဦးလေးနေရာက သရုပ်ဆောင်ရတာပေါ့'' လို့ သူကဆိုပါတယ်။

 

Ladyboy ရုပ်ရှင်ဇာတ်ကားကြီးကို စက်တင်ဘာလ ၅ ရက်နေ့က စပြီး ထိုင်းနိုင်ငံမှာ ရက် ၂၀ အကြာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် ပြေတီဦး၊ ခန့်စည်သူ၊ ကျော်ကျော်ဗို၊ ဂျိုကာနဲ့ အိချောပိုတို့နဲ့ အတူ ထိုင်းမင်းသမီးလေး ကဒါဖီ ကလည်း အဓိက သရုပ်ဆောင်အဖြစ် ပါဝင်သွားမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က