မင်းသွေးနဲ့ အတူ တည်ထားတဲ့ ကြေးသွန်းဘုရားကြီးလည်းရှိပါသေးတယ်။

နေတိုးက ရခိုင်ပြည်နယ်မှာရှိတဲ့ သာသနာပြုလုပ်ငန်းတွေကို မိသားစုနဲ့အတူ ဆောင်ရွက်သွားချင်တဲ့ သူ့ရဲ့ဆန္ဒကို ပြောပြလာပါတယ်။ မတ်လအတွင်းမှာတော့ ရခိုင်ပြည်နယ်ကို ပြန်ဖြစ်မယ်လို့ ဆိုပါတယ်။

နေတိုးက ညီငယ်ဖြစ်သူ မင်းသွေးနဲ့အတူ ပေါင်းပြီး ကြေးသွန်းဘုရားတည်ခဲ့တယ်လို့ ဆိုပါတယ်။ မင်းသွေးမရှိတော့တဲ့နောက် ရခိုင်ပြည်နယ်အတွက်ကိုလည်း မိသားစုနဲ့အတူတူ သာသနာပြုလုပ်ငန်းတွေ ဆက်လုပ်သွားမယ်လို့ မီဒီယာတွေကနေတဆင့် ပြောခဲ့ပါတယ်။



‘’ မင်းသွေးလည်း ဖြစ်ချင်ခဲ့တဲ့ ကြေးသွန်းဘုရားကို ကိုယ့်ရခိုင်ပြည်နယ်မှာ ဘုရား၊ စေတီပုထိုးတွေနဲ့ အလှူအတန်းတွေလုပ်ချင်တယ်လို့ ပြောတဲ့အခါမှာ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် အနုပညာကြေးတွေနဲ့ စုပေါင်းပြီးတော့မှ ကြေးသွန်းဘုရားကို လှူဒါန်းဖို့အတွက် ကျွန်တော်တို့ ကြိုးစားခဲ့တယ်။ မင်းသွေးမရှိတော့တဲ့အချိန်မှာ ကျွန်တော်တို့ မိသားစုတွေ ဦးစီးပြီးတော့မှ ဒါကို ဖြစ်စေချင်တဲ့ ဆန္ဒတွေ၊ ကိုယ့်မွေးရပ်မြေမှာ သာသနာပြုလုပ်ငန်းတွေကို ဆက်လုပ်သွားဖို့ရှိပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Nay Toe Page

ဒီအတွက်လည်း ရခိုင်ပြည်နယ်ကို မိသားစုနဲ့အတူ ပြန်ဖို့ပြင်ဆင်နေတယ်လို့ ဇန်နဝါရီလ ၂၉ ရက်နေ့က အောင်သမာဓိ ရွှေဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ နေတိုးဟာ ရခိုင်ပြည်နယ်ကို မပြန်ဖြစ်တာ နှစ်ပေါင်း ၂၀ ရှိနေပြီလို့ သိရပါတယ်။

‘’ ၃ လပိုင်းလောက် ပြန်ဖြစ်ဖို့တော့ စဉ်းစားနေပါတယ်။ ကျွန်တော်ပြန်ဖြစ်ဖို့ဆိုတာကလည်း အခုတည်နေတဲ့ ဘုရားပေါ့နော် ဘုရားအနေကဇာတင်ဖြစ်မယ်၊ ရေစက်ချဖြစ်မယ် ဆိုတော့ ၃ လပိုင်းလောက်မှ ကျွန်တော်ပြန်ဖြစ်မှာပါ။ အလုပ်တွေမအားတာရယ်၊ ပြန်ဖို့အခွင့်အရေးမရှိခဲ့တာရယ် ဒါကြောင့်မို့လို့ ကျွန်တော် မပြန်ဖြစ်တာပါ’’ လို့ ဆိုပါတယ်။

Photo: Nay Toe Page

အနှစ် ၂၀ ကြာ ပြန်မရောက်ဖြစ်တဲ့ မာန်အောင်ကျွန်းမှ သူငယ်ချင်းတွေနဲ့လည်း ဆုံတွေ့ချင်တယ်လို့ နေတိုးက ဆက်လက်ပြောပြလာပါတယ်။

‘’ ကျွန်တော်တို့ကတော့ မာန်အောင်ကျွန်းဆိုတော့ ရောက်ရောက်ချင်း ကျွန်တော်တို့ လုပ်ရမယ့် အလုပ်က၊ ကျွန်တော်တို့သွားရမယ့် အကြောင်းအရာကို အဓိကထားပြီး သွားမှာပေါ့။ ကျန်တာကတော့ ကျွန်တော်တို့ သူငယ်ချင်းတွေနဲ့ တွေ့ဖို့ရှိပါတယ်’’ သူကဆိုပါတယ်။

Photo: Amazing Grace

၂၀၀၁ ခုနှစ်မှစပြီး ခေါင်းဆောင်မင်းသားနေရာကနေ ဇာတ်ကားတွေရိုက်ကူးခဲ့တဲ့ နေတိုးဟာ ၁၉၈၁ ခုနှစ် စက်တင်ဘာ(၉)ရက်နေ့က မွေးဖွားခဲ့သူဖြစ်ပြီး ရခိုင်တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်မှာ YIIK Modeling Agency မှာ သင်တန်းတက်ရောက်ခဲ့ကာ အဆိုပိုင်းနဲ့ပတ်သက်ပြီး ဦးစောနုဆီမှာ သင်ယူခဲ့ပါတယ်။ ကျရာဇာတ်ရုပ်တိုုင်းကိုပီပြင်စွာ သရုပ်ဆောင်နိုင်သူတစ်ယောက် ဖြစ်လာတဲ့ နေတိုးဟာ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) ရုပ်ရှင်ကား ၃ ကားနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိခဲ့ပါတယ်။ နေတိုးဟာ အနုပညာအရည်အသွေး ပြည့်ဝတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ယောက်အဖြစ် သရုပ်ဆောင်လောကမှာ အောင်မြင်စွာ ရပ်တည်နေသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က